ဘိုလီးဗီယားနိုင်ငံမှာ အစိုးရ ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ ထောက်ခံသူတွေ ဇူလိုင် ၂၁ ရက်က လမ်းမပေါ်မှာ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
ဆရာဝန်အဖွဲ့အစည်းတွေက ဦးဆောင်ပြီး အလွှာပေါင်းစုံပါဝင်တဲ့ ဆန္ဒပြသမားတွေက ဒီမိုကရေစီ ရရှိရေး၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြသခွင့်တို့ကို တောင်းဆိုကြနေချိန်မှာ အစိုးရ ထောက်ခံသူ တွေက ကြားဖြတ်နှောင့်ယှက်တဲ့အတွက် ထိပ်တိုက်တွေ့ခဲ့ကြတာပါ။
အခြေအနေ ဆိုးလာတဲ့အတွက် အဓိကရုဏ်းထိန်းချုပ်ရေး ရဲတပ်ဖွဲ့က ကြားဝင်ထိန်းသိမ်းခဲ့ ရပါတယ်။