close

အစ္စရေးထောင်ပြေး

close

September 20, 2021

အစ္စရေးထောင်ပြေး ပါလက်စတိုင်း ၂ ဦး ထပ်မံဖမ်းဆီးရမိ

အစ္စရေးစစ်တပ်ဟာ လွန်ခဲ့တဲ့ သီတင်းပတ် နှစ်ပတ်က လုံခြုံရေးအမြင့်ဆုံး ထောင်ကနေ ဥမင်တူးပြီး ထွက်ပြေး လွတ်မြောက်သွားတဲ့ ပါလက်စတိုင်း ခြောက်ယောက်ထဲက ကျန်နေတဲ့ နောက်ဆုံး ၂ယောက်ကို စက်တင်ဘာ ၁၉ ရက်က ဖမ်းမိသွားပါပြီ။

သူတို့ ထွက်ပြေးလွတ်မြောက်ခဲ့လို့ အစ္စရေးရဲ့ လုံခြုံရေးအစီအစဉ်အတွက် အရှက်ရစရာ ဖြစ်ခဲ့ပြီး ပါလက်စတိုင်းတွေကတော့ ဝမ်းမြောက်ခဲ့တာပါ။

ပြန်မိတဲ့ ၂ယောက်ဟာ အစ္စလာမစ် ဂျီဟတ် စစ်သွေးကြွ အုပ်စုက အဖွဲ့ဝင် ၂ယောက် ဖြစ်ပြီး သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသက ပါလက်စတိုင်းမြို့ ဂျေနင်းက အိမ်ကနေ သူတို့ကို အာရုံမတက်ခင် ဖမ်းမိတာလို့ အစ္စရေးရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး ယာကွတ်ဗ် ရှတ်ဘ်တိုင်းက ပြောပါတယ်။

ပါလက်စတိုင်းတွေကတော့ အစ္စရေးမှာ ထောင်ကျတဲ့ လက်နက်ကိုင် အုပ်စုဝင်တွေကို အစ္စရေး သိမ်းပိုက်ခံနယ်မြေမှာ ပါလက်စတိုင်း နိုင်ငံတည်ထောင်ရေး ရုန်းကန်နေတဲ့ သူရဲကောင်းတွေအဖြစ် ရှုမြင်ပါတယ်။

အစ္စရေးဟာ ၁၉၆၇ အရှေ့အလယ်ပိုင်း စစ်ပွဲအတွင်း အနောက်ဘက်ကမ်း၊ ဂါဇာနဲ့ အရှေ့ဂျေရုဆလင်က ပိုင်နက်တွေကို သိမ်းယူခဲ့ပြီး လက်နက်ကိုင် အုပ်စုတွေကို အကြမ်းဖက်သမား တွေလို့ မှတ်ယူထားပါတယ်။

2 mins Ago
Up