အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းပေါ်က သဲကန္တာရ အဝေးပြေးလမ်းမ တခုပေါ်မှာ အစ္စရေးဘတ်စ်ကားတစီးကို ပါလက်စတိုင်းသားတွေ စက်တင်ဘာ ၄ ရက်က ပစ်ခတ်ခဲ့ပါတယ်။
ဒါကြောင့် စစ်သားငါးဦးနဲ့ ယာဉ်မောင်းတစ်ဦး ဒဏ်ရာရသွားတယ်လို့ အစ္စရေးစစ်အာဏာပိုင်တွေနဲ့ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ထွက်ပြေးဖို့ ကြိုးစားနေတဲ့ သံသယရှိ သေနတ်သမားနှစ်ဦးကို ဖမ်းထားပြီလို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ဂျိနင်းနဲ့ နာဘလပ်စ် မြို့တို့ရဲ့ အကွာအဝေး အလယ်လောက်မှာ ဖြစ်ခဲ့ပြီး ပါလက်စတိုင်းမြို့တွေအတွင်း လနဲ့ချီတဲ့ ပြင်းထန်ပြီး အသက်သေဆုံးစေတဲ့ အစ္စရေး လုံခြုံရေး စီးနင်းမှုတွေကို မြင်တွေ့ခဲ့ရတာပါ။
ကားတစီးပေါ်က ပါလက်စတိုင်းသားတွေဟာ ဘတ်စ်ကားကို ကျော်တက်ရင်း ကျည်ဆန်တွေနဲ့ ပစ်ခတ်ခဲ့တာပါ။
ဘတ်စ်ကားက ရပ်သွားချိန်မှာ မီးတင်ရှို့ဖို့ ကြိုးစားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
အစ္စရေးရုပ်သံက ကားတစီး မီးလောင်သွားတဲ့ ဗွီဒီယိုဖိုင်ကို ထုတ်လွှင့်ခဲ့ပြီး အတွင်းထဲမှာ မီးလောင်ဗုံး ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။