ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၉ ဦးထက်မနည်း သေဆုံးပြီး ၉၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
မေ ၁၁ ရက်က ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁ ဦး သေဆုံးခဲ့ပါတယ်။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းအစ္စလာမ္မစ်ဂျီဟတ် (PIJ) ရဲ့ အကြီးတန်းတပ်မှူး ၁ ဦးနဲ့ လက်နက်ကိုင် တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းဘက်က မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သားတွေလည်း သေဆုံးတာ၊ ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။
မေ ၁၁ ရက် ည ၈ နာရီအထိ ပါလက်စတိုင်း လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အစ္စရေးဘက်ကို ဒုံးကျည်နဲ့ မော်တာကျည် ၈၀၀ ကျော် ပစ်ခတ်ခဲ့ပြီး အဲဒီထဲက ကျည်ပေါင်း ၆၂၀ ထက်မနည်း နယ်စပ်ကို ကျရောက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။
နိုင်ငံအလယ်ပိုင်းခရိုင် ရီဟို့တ်မြို့ရှိ အဆောက်အအုံတခုကို ဒုံးကျည်ထိမှန်တာကြောင့် လူ ၁ ဦး သေဆုံးပြီး ၈ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
မေ ၁၁ ရက်ကလည်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ လေကြောင်း တိုက်ခိုက်မှုတွေကို ကြားဖြတ်ဟန့်တားပြီး လက်တုံ့ပြန်မယ်လို့ ပြောပါတယ်။
အဲဒီနေ့မှာပဲ ပါလက်စတိုင်း အစ္စလာမ္မစ်ဂျီဟတ်၊ ဟားမတ်စ်နဲ့ တခြားပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့တွေက အစ္စရေးဟာ အကြီးတန်းတပ်မှူးတွေကို သတ်ဖြတ်ခြင်းအားဖြင့် သူတို့ရဲ့ ခြိမ်းခြောက်မှုကို တွက်ကိန်းမှားယွင်းနေကြောင်းနဲ့ သူတို့မှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေကို တုံ့ပြန်နိုင်တဲ့ စွမ်းရည်လည်း ရှိကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဂါဇာကမ်းမြောင် တောင်ပိုင်းရှိ ခန်းန်ယူနစ်စ်မြို့က အဆောက်အအုံတခုကို ညဉ့်နက်ပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့ရဲ့ ဒုံးကျည်ပစ်လွှတ်မှုတပ်ဖွဲ့ခေါင်းဆောင် အလီဂါလီနဲ့ တခြားသူ ၂ ဦးတို့ သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်နဲ့ အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့တို့က မေ ၁၁ ရက် မနက်အစောပိုင်းမှာ ပြောပါတယ်။
အစ္စရေးဟာ ဂါဇာရှိ အစ္စလာမ္မစ်ဂျီဟတ် ပစ်မှတ်တွေကို မေ ၁၀ ရက်က ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခဲ့တာပါ။
အီဂျစ်ဟာ တိုက်ပွဲတွေ အဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းဖို့ ကြိုးပမ်းနေချိန်မှာ ပါလက်စတိုင်း စစ်သွေးကြွတွေဟာ နယ်စပ်ကိုဖြတ်ပြီး ရာနဲ့ချီတဲ့ ဒုံးကျည်တွေကို ပစ်လွှတ်ခဲ့တာဖြစ်ပြီး တဲလ်အဗစ်လောက်ဝေးတဲ့ အကွာအဝေးအထိကို ဥဩသံတွေ လွှင့်တင်ထားပါတယ်။
အကြမ်းဖက်မှုတွေ လနဲ့ချီ အရှိန်မြင့် ပြင်းထန်လာပြီးနောက် အစ္စရေးကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့တဲ့ အစ္စလာမ္မစ် ဂျီဟတ်တပ်မှူး ၃ ဦးကို မေ ၉ ရက်မှာ အစ္စရေးက တိုက်ခိုက်ခဲ့ပြီးနောက်မှာပဲ တပတ်အတွင်း ဒုတိယအကြိမ် နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှု ပေါ်ပေါက်လာတာပါ။
ပါလက်စတိုင်းနယ်မြေတလျှောက် ဗုံးပေါက်ကွဲမှုတွေ ထွက်ပေါ်လာပြီး ဒုံးကျည်ပစ်လွှတ်တဲ့ နေရာတွေ အပါအဝင် ပစ်မှတ် ၁၃၀ ကျော်ကို ထိမှန်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။
ဗုဒ္ဓဟူးနေ့ လေကြောင်းတိုက်ခိုက်မှု စတင်ပြီးနောက် မိနစ်ပိုင်းအကြာမှာ အများစု နယ်စပ်အသိုင်းအဝိုင်းတွေ အပါအဝင် အစ္စရေးဘက်မှာ အချက်ပေးဥသြသံတွေ ထွက်ပေါ်လာပြီး ဂါဇာကနေ မြောက်ဘက် ၃၇ မိုင် အကွာရှိ စီးပွားရေးမြို့တော် တဲလ်အဗစ်နဲ့ အနီးတဝိုက်မှာလည်း ကြားခဲ့ရပါတယ်။
ဒုံးကျည် ၄၀၀ ကျော် ပစ်ခတ်ခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားခဲ့ပြီး ၄ ပုံ ၁ ပုံဟာ ဂါဇာကမ်းမြောင်မှာ ပျက်ကျခဲ့တာပါ။
ဒီလက်နက်တွေ တပြိုင်နက်တည်း ပစ်လွှတ်တဲ့အတွက် တာဝန်ရှိကြောင်း အစ္စလမ္မစ်ဂျီဟတ်နဲ့ ဟားမတ်စ်အဖွဲ့ခေါင်းဆောင်တွေ ပါဝင်တဲ့ ဂါဇာရှိ စစ်သွေးကြွတွေရဲ့ ပူးတွဲကွပ်ကဲမှု အဖွဲ့တွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း သူတို့ရဲ့ဒုံးပျံ ရာနဲ့ချီရှိတယ်လို့ ယူဆရတဲ့ ဟားမတ်စ်တွေကတော့ ဘယ်ဒုံးကျည်တွေကို သူတို့ကိုယ်တိုင် ပစ်လွှတ်ခဲ့တယ်ဆိုတဲ့ ဘာလက္ခဏာကိုမှ မတွေ့ရကြောင်း အစ္စရေးစစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။
အစ္စရေးက မေ ၈ ရက်မှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အစ္စလာမ္မစ်ဂျီဟတ် အကြီးအကဲ ၃ ယောက်နဲ့ အရပ်သား ၁၀ ဦး သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့တဲ့အတွက် တုံ့ပြန်တဲ့ အနေနဲ့ မေ ၁၀ ရက် မွန်းလွဲပိုင်းက ဂါဇာကနေ ဒုံးကျည် ၂၇၀ ခန့်ကို အစ္စရေးဘက် ပစ်ခတ်ခဲ့ပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဂါဇာကမ်းမြောင်ဒေသ ဒုံးကျည်ပစ်လွှတ်မှုကို ထိန်းချုပ်ထားတာဟာ ဟားမတ်စ်မဟုတ်ဘဲ ပါလက်စတိုင်း အစ္စလာမ္မစ်ဂျီဟတ် ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုထားပေမဲ့ ဟားမတ်စ်ကတော့ ဒုံးကျည်ပစ်လွှတ် တိုက်ခိုက်မှုကို လူသိရှင်ကြား ထောက်ခံထားပါတယ်။
ဂါဇာမြောက်ပိုင်းမှာ PIJ စစ်ဆေးရေးကို လုပ်ဆောင်ခဲ့သူ ခါလီ ဘာဟီတီနီ၊ ဂါဇာကမ်းမြောင် အနောက်ဘက်ကမ်းမှာ ညှိနှိုင်းဆောင်ရွက်မှု ပြုလုပ်တဲ့ တာရက်ခ် အဇယ်လ်ဒင်နဲ့ စစ်ကောင်စီက အကြီးတန်းပုဂ္ဂိုလ် ဂျဟတ် အက်မန်းတို့ အသတ်ခံခဲ့ရကြောင်း IDF က အတည်ပြုခဲ့ပါတယ်။
မေ ၉ ရက် နှောင်းပိုင်းနဲ့ ၁၀ ရက်နေ့တွေမှာလည်း အစ္စရေးေလတပ်ဟာ ဂါဇာက ပစ်မှတ်တွေကို ဒုံးကျည်ပစ်လွှတ်ဖို့ ပြင်ဆင်နေပြီး အစ္စရေးလေတပ်ရဲ့ ထပ်မံတိုက်ခိုက်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ပါတယ်။
အစ္စေရးေတာင်ပိုင်းရှိ ဂါဇာနယ်စပ်နားက ပြည်သူတွေကို ဗုံးခိုကျင်းတွေနဲ့ နီးရာမှာနေဖို့ အမိန့်ထုတ်ထားပြီး ရာနဲ့ချီတဲ့လူတွေကိုတော့ ေမြာက်ပိုင်းရှိ မြို့တွေကို ရွှေ့ပြောင်းပေးထားကာ ဂါဇာနဲ့ အစ္စရေးကြားမှာရှိတဲ့ အီးရက်ဇ် ဖြတ်ကူးတဲ့နေရာကိုလည်း ပိတ်ထားပါတယ်။
အရန်တပ်တွေကို အသင့်အနေအထား ထားထားပြီး အစ္စရေးစစ်ဌာနချုပ်က ဆက်လက်လုပ်ဆောင်ဖို့ အသင့်အနေအထား ရှိနေတယ်လို့ ပြောခဲ့ပါတယ်။
Source - Sky News