close

အစ္စလာမ္မစ်စစ်သွေးကြွ

close

November 28, 2021

ဘာကီနာဖာဆိုနိုင်ငံတွင် အစ္စလာမ္မစ်စစ်သွေးကြွများ၏ အကြမ်းဖက်မှုများကို ဆန္ဒပြ

နိုဝင်ဘာ ၂၇ ရက်က အစ္စလာမ္မစ်စစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှုတွေကို ဘာကီနာဖာဆိုနိုင်ငံရဲ့ မြို့တော်မှာ ဆန့်ကျင်ဆန္ဒပြကြတဲ့သူတွေကို ရဲတွေက မျက်ရည်ယိုဗုံးနဲ့ လူစုခွဲပါတယ်။

သမ္မတ Roch Kabore ရဲ့ အတိုက်အခံတွေက နိုင်ငံမှာ အစ္စလာမ္မစ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေ တိုးလာနေတာကို အစိုးရက အကာအကွယ်မပေးနိုင်ဘူးဆိုပြီး ဝေဖန်နေကြတာပါ။

အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ပတ်သက်နေတဲ့ စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုတစ်ခုမှာ စစ်ရဲအရာရှိ ၄၉ ယောက်နဲ့ အရပ်သား ၄ ယောက် သေဆုံးခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်ပတ်ကလည်း နိုင်ငံမြောက်ပိုင်းက Inata မြို့နားမှာ လုံခြုံရေးတပ်ဖွဲ့တွေ အထိနာတဲ့အထိ တိုက်ခိုက်ခံခဲ့ရပါတယ်။ 

အစ္စလာမ္မစ်စစ်သွေးကြွတွေဟာ ဘာကီနာဖာဆိုနိုင်ငံမှာ ၂၀၀၅ ခုနှစ်လောက်ကတည်းက စတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး မတားဆီးနိုင်တဲ့ အစိုးရနဲ့ အစိုးရကို ကျောထောက်နောက်ခံပေးထားတဲ့ ပြင်သစ်အစိုးရအပေါ် ပြည်သူတွေက ဒေါသထွက်နေကြတာ ဖြစ်ပါတယ်။

အဲဒီအချိန်လောက်ကစပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာ ဖြစ်ပြီး လူ ၁၀၀ လောက် ပါဝင်တဲ့ စနေနေ့ ဆန္ဒပြပွဲကို ရဲက မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့ပါတယ်။

3 mins Ago

September 5, 2021

နယူးဇီလန်တွင် အစ္စလာမ္မစ်စစ်သွေးကြွ ၁ ဦး၏ တိုက်ခိုက်မှု သီရိလင်္ကာမွတ်စလင်အဖွဲ့ ရှုတ်ချ

နယူးဇီလန်နိုင်ငံမှာ အစ္စလာမ္မစ် စစ်သွေးကြွတယောက်ရဲ့ တိုက်ခိုက်မှုကို သီရိလင်္ကာနိုင်ငံက မွတ်စလင် အဖွဲ့အစည်းတွေက  စက်တင်ဘာ ၄ ရက်မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

အိုင်အက်စ် စစ်သွေးကြွအုပ်စုကို အားကျတဲ့ သီရိလင်္ကာ နိုင်ငံသားတယောက်က နယူးဇီလန် နိုင်ငံအတွင်း စူပါမားကတ်တခုထဲမှာ စက်တင်ဘာ ၃ ရက်က ဓားနဲ့ တိုက်ခိုက်ခဲ့လို့ လူ ၇ ယောက် ဒဏ်ရာရသွားပါတယ်။

ဓားနဲ့ စိတ်လွတ်လက်လွတ် လိုက်ထိုးနေတဲ့ အသက် ၃၂ နှစ်အရွယ် တိုက်ခိုက်သူကို နယူးဇီလန် ရဲတွေက အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။

“အော့ကလန်မြို့က အကြမ်းဖက်ဝါဒရဲ့ ဆိုးရွားတဲ့ လုပ်ရပ်ကို ကြားရတာ ထိတ်လန့် ဝမ်းနည်းရတယ်။ ကျနော်တို့ဟာ ဒီအကြမ်းဖက်လုပ်ရပ်ကို ပြတ်ပြတ်သားသား ပြစ်တင်ရှုတ်ချတယ်။ ဝမ်းနည်းရတဲ့ အခိုက်အတန့်အတွင်း နယူးဇီလန် နိုင်ငံသား အားလုံးနဲ့ ထိခိုက်ခဲ့သူတွေရဲ့ မိသားစုတွေနဲ့အတူ ကျနော်တို့ရဲ့ အတွေးတွေ တောင်းဆုတွေ ရှိနေပါတယ်” လို့ မွတ်စလင် ဘာသာရေးနဲ့ အရပ်ဘက် အဖွဲ့အစည်းများ ညွန့်ပေါင်းက ပြောခွင့်ရ မိုဟမ်မဒ်ဟိရှမ်က ပြောပါတယ်။

အမုန်းတရားအခြေပြု ရာဇဝတ်မှုတွေဟာ နိုင်ငံသား၊ လူမျိုး၊ ယဉ်ကျေးမှုနဲ့ ဘာသာရေးတွေနဲ့ မပတ်သက်သင့်ဘူးလို့လည်း အဖွဲ့အစည်းက ကြေညာချက် ထုတ်ပြန်ပါတယ်။

3 months Ago
Up