close

အစ္စလာမ္မာစ်အစွန်းရောက်

close

August 24, 2021

အာဖဂန်အစ္စလာမ္မစ်အစွန်းရောက်များကို တားဆီးရန်အရေးကြီးဟု ရုရှားသမ္မတ ပြော

အာဖဂန်နစ္စတန်နိုင်ငံကနေ ဒေသတွင်းကို အစွန်းရောက်အစ္စလာမ္မစ်ဝါဒ ဖိတ်စဉ်လာမယ့် ဘယ်လို အခြေအနေကိုမဆို ရှောင်ဖို့ မဖြစ်မနေ အရေးကြီးတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က အလယ်အာရှဒေသခေါင်းဆောင်တွေကို သြဂုတ် ၂၃ ရက်မှာ ပြောလိုက်ပါတယ်။

အစ္စလာမ္မစ်အစွန်းရောက်တွေကို ပင်လယ်အော်ဒေသမှာ ထိန်းထားဖို့ကိုလည်း ပူတင်က ပြောခဲ့တယ်လို့ ကရင်မလင်နန်းတော်က ပြောပါတယ်။

အာဖဂန် မူးယစ်ကုန်ကူးမှုကို မျက်စိပိတ်ထားပေးဖို့ အရေးကြီးတယ်လို့လည်း ပူတင်က အလယ်အာရှဒေသတွင်း ခေါင်းဆောင်တွေနဲ့ အွန်လိုင်း ထိပ်သီးညီလာခံအတွင်း မှတ်ချက်ပေး ပြောဆိုခဲ့တယ်လို့ ကရင်မလင်နန်းတော်က ဆက်ပြောပါတယ်။

အိုင်အက်စ် စစ်သွေးကြွတွေ အာဖဂန်နစ္စတန်နိုင်ငံထဲမှာ ခြေကုပ်ရထားဆဲ ဖြစ်နေသလို ခြိမ်းခြောက်မှုတရပ်လည်း ဖြစ်နေတဲ့အချက်ကို စိုးရိမ်ကြောင်း ပူတင်နဲ့ အလယ်အာရှ ခေါင်းဆောင်တွေက အစည်းအဝေးအတွင်း ပြောကြပါတယ်။

အာဖဂန်အရေး ပူးတွဲအရေးယူဆောင်ရွက်နိုင်ရေး ညှိနှိုင်းကြဖို့ကိုလည်း ခေါင်းဆောင်တွေက သဘောတူခဲ့တယ်လို့ ကရင်မလင်နန်းတော်က ပြောပါတယ်။

13 mins Ago
Up