close

အစ္စလာမ်ဝတ်ကျောင်း

close

August 5, 2021

တောင်တွင်းကြီးက အစ္စလာမ်ဝတ်ကျောင်းတွင် အောက်ဆီဂျင်တိုင်းစက်များကို ၆၀၀၀ကျပ် နဲ့ရောင်းချပေး

တောင်တွင်းကြီးမြို့က အစ္စလာမ်သာသနာ့ဗလီဝတ်ကျောင်းတော်မှာ အောက်စီဂျင်တိုင်းစ က်များကို တစ်လုံး ၆၀၀၀ ကျပ်နဲ့ ဒီကနေ့ သြဂုတ်လ ၅ ရက်နေ့ မနက်က ရောင်းချပေးခဲ့ပါတယ်။

''ပြည်သူတွေ စျေးချိုချိုနဲ့သုံးစေချင်လို့ အခုလိုလုပ်ပေးတာပါ။ ဒီနေ့ ပထမအကြိမ်အနေနဲ့ မီတာအလုံး ၂၀၀ ရောင်းချပေးခဲ့တာပါ။ မနက်ဖန်မှာ အလုံး ၄၀၀ ထပ်မံရောင်းချပေးသွားမှာပါ''  လို့  ဗလီဝတ်ကျောင်းတာဝန်ရှိသူတဦးက ပြောပါတယ်။

Oximeter တစ်လုံးဝယ်ရင် Paracetamol (500 mg) တစ်ကတ် လည်း လက်ဆောင်ပေး ကုသိုလ်ပြုခဲ့ကြောင်း ပြောပါတယ်။ 

ဒေသခံတစ်ဦးက ''အပြင်မှာ သောင်းကျော်တယ်။ မဝယ်နိုင်ဘူး။ အခုတော့ အဆင်ပြေသွားတာပေါ့။ ပါရာာစီတမော့ ၁ ကဒ်လက်ဆောင်ရသေးတယ်'' လို့ ပြောပါတယ်။

ဒီကနေ့မှာ ပဲခူးတိုင်းအနောက်ခြမ်းက ပြည်၊ ပေါင်းတည်၊ မင်းလှမြို့တွေက အစ္စလာမ်သာသနာ့ဝတ်ကျောင်းတွေမှာလည်း အောက်စီဂျင်တိုင်းစက်တွေကို ရောင်းချပေးနေကြောင်းသိရပါတယ်။

11 mins Ago
Up