close

အဆိုတော်ရေမွန်

close

August 25, 2021

အဆိုတော်ရေမွန် အမှတ်တရ တီရှပ် အွန်လိုင်းကသာ ရောင်းချပေးတော့မည်

ကွယ်လွန်သူ အဆိုတော် ရေမွန်အမှတ်တရ အကန့်အသတ်နဲ့သာ ထုတ်ဝေတဲ့ တီရှပ်ကို iDIOTS အဖွဲ့သားတွေက ပရိသတ်တွေအတွက် လက်မှတ်ထိုးရောင်းချပေးသွားမယ်လို့ ဒီနေ့ ကြေညာခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ  ဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး အွန်လိုင်းကနေသာ ရောင်းချပေးမယ်လို့  ထပ်မံကြေညာလိုက် ပါတယ်။

“iDIOTS အနေနဲ့ fans တွေကိုတွေ့ချင်ပေမဲ့လည်း... ခေတ်ကာလအခြေအနေ ကြောင့် လက်မှတ်ထိုးမယ့် အစီအစဉ်လေးကို Cancel လိုက်ပြီဆိုတာလေးကို စိတ်မကောင်းစွာနဲ့ဘဲ ကျနော်တို့အဖွဲ့သားများမှတောင်းပန် အသိပေးအပ်ပါတယ်။ iDIOTS က တော့ အစဉ်အလာမပျက် အလွဲလေးတွေတော့ရှိနေမှာဘဲ.. 😅 စိတ်မပူပါနဲ့ မနက်ဖြန်ဆို website ကနေဝယ်လို့ရပါပြီ... ကျနော်တို့ မနက်ဖြန် နေ့လည်ပိုင်းလောက် တင်ပေးပါ့မယ်။ အားပေးတဲ့အတွက်လည်းကျေးဇူးပါ”

မနက်ဖြန် ဩဂုတ် ၂၆ ရက်မှာ တီရှပ် တထည်ကို ငွေကျပ် ၁၂,၀၀၀ နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ကြောင်း ပရိသတ်တွေကို ကနဦး အသိပေးထားခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာရှင်ကို လက်နက်စွဲကိုင်တော်လှန်ဖို့ တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေတစ်နေရာကို လာရောက်ခဲ့တဲ့ လူငယ်အဆိုတော် ရေမွန် ခေါ် တွတ်ပီဟာ ဇွန်လ ၂၃ ရက်က အစာအိမ်သွေးကြောပေါက်ပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

36 seconds Ago
Up