close

အဆောက်အအုံပေါက်ကွဲ

close

September 21, 2022

ချီကာဂိုတွင် အဆောက်အအုံတခု ပေါက်ကွဲမှုဖြစ်ပြီး လူ ၈ ဦးထက်မနည်း ဒဏ်ရာရ

အမေရိကန်နိုင်ငံ ချီကာဂိုမြို့က အဆောက်အအုံတခုမှာ စက်တင်ဘာ ၂၀ ရက်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့လို့ လူရှစ်ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပြီး သုံးယောက်က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့  မြို့တော်မီးသတ်ဌာနက ပြောပါတယ်။

ချီကာဂိုမြို့ အနောက်ဝါရှင်တန်လမ်းနဲ့ မြောက်ဗဟို ရိပ်သာလမ်းမှာရှိတဲ့ အုတ်နီနီ အဆောက်အအုံရဲ့ အပေါ်ထပ်တွေ ပျက်စီးနေတာကို တွေ့ရပါတယ်။

အနားမှာရှိတဲ့ အဆောက်အအုံတခုက လူတွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရတာပါ။

ပေါက်ကွဲတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ ချီကာဂို မီးသတ်ဌာနက တွစ်တာမှာ ပြောခဲ့ပါတယ်။

ချီကာဂို ဗုံးဖြုတ်သိမ်းရေးအဖွဲ့အပြင် ပြည်ထောင်စု အရက်၊ ဆေးရွက်ကြီး၊ သေနတ်နဲ့ ဖောက်ခွဲရေးပစ္စည်းများဗျူရို (ATF) က အရာရှိတွေလည်း အခင်းဖြစ်ပွားရာနေရာကို ရောက်ခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။

မီးသတ်တပ်ဖွဲ့က ပြိုကျနေတဲ့ အဆောက်အအုံကို ရှာဖွေနေပြီး ပေါက်ကွဲမှုဖြစ်တဲ့နေရာဆီ လူနာတင်ယာဉ် ၁၀ စီးထက်မနည်း ရောက်လာခဲ့ပါတယ်။

54 seconds Ago
Up