close

အဏုမြူဗုံး

close

August 9, 2022

နာဂါဆကီမြို့ အဏုမြူဗုံးကြဲချခံရမှု အထိမ်းအမှတ်အခမ်းအနား ဂျပန်ဝန်ကြီးချုပ်တက်ရောက်

နာဂါဆကီမြို့တော်မှာ လူပေါင်း ၇၅,၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ အဏုမြူဗုံးကြဲချခံရမှု ၇၇ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဩဂုတ် ၉ ရက်က ပြုလုပ်ခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် ဖူမီယို ခိရှိဒါ့ဟာ  တက်ရောက်ဂါရဝပြုခဲ့ပါတယ်။

ဂျပန်နိုင်ငံရေးသမားတွေ၊ ပြည်တွင်းခေါင်းဆောင်တွေနဲ့ နိုင်ငံခြား ဂုဏ်သရေရှိပုဂ္ဂိုလ်တွေ အပါအဝင် ပရိသတ်ကို မိန့်ခွန်းပြောရာမှာ နျူကလီးယား ပေါက်ကွဲမှုမှာ သေဆုံးခဲ့ရသူတွေနဲ့ နျူကလီးယားရဲ့ ဆိုးကျိုးကို ခံစားရပြီး အသက်ရှင်ကျန်ရစ်သူတွေကို စာနာကရုဏာပြုကြောင်း ပြောကြားခဲ့ပါတယ်။

“ခက်ခဲကြမ်းတမ်းပေမဲ့ ကျနော်တို့နိုင်ငံဟာ နျူကလီးယားလက်နက် ကင်းစင်တဲ့ ကမ္ဘာကို လျှောက်လှမ်းနေပြီး အဲဒီအတွက် ဂျပန်နိုင်ငံဟာ သူ့ရဲ့ နျူကလီးယားကင်းစင်ရေး မူကြီးသုံးရပ်ကို လိုက်နာနေပါတယ်” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

“ဂျပန်နိုင်ငံဟာ လက်ရှိအချိန်မှာ စိန်ခေါ်မှုရှိနေတဲ့ ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်ကို နျူကလီးယားလက်နက်တွေ မရှိတဲ့ ကျနော်တို့ရဲ့ စံပြကမ္ဘာကြီးနဲ့ ချိတ်ဆက်နိုင်ဖို့ အားထုတ်လုပ်ဆောင်သွားမယ်” လို့လည်း ဆိုပါတယ်။

နာဂါဆကီ အဏုမြူဗုံးကြဲချမှုဟာ ၁၉၄၅ ခုနှစ် ဩဂုတ် ၆ ရက်က ဟီရိုရှီးမားမြို့မှာ B-29 အမေရိကန် ဗုံးကြဲလေယာဉ်ကနေ ကမ္ဘာ့ပထမဆုံး နျူကလီးယားတိုက်ခိုက်မှု လုပ်အပြီး ၃ ရက်အကြာမှာ ဩဂုတ် ၉ ရက်နေ့ ဖြစ်ပွားခဲ့တာပါ။

ဗုံးပေါက်ကွဲမှုကြောင့် ခန့်မှန်းခြေ လူဦးရေ ၃ သိန်းခွဲလောက်ရှိတဲ့မြို့မှာ လူပေါင်း ၁ သိန်း ၄ သောင်းလောက် သေဆုံးခဲ့ရပြီး နောက်ပိုင်းမှာလည်း ဒဏ်ရာတွေ၊ ဓာတ်ရောင်ခြည်ဆိုင်ရာ ရောဂါဝေဒနာတွေကြောင့် လူပေါင်းထောင်နဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။

6 mins Ago

August 6, 2020

 ဟီရိုရှီးမားမြို့တွင် အဏုမြူဗုံးကြဲခံရသည့် ၇၅ နှစ်ပြည့်အထိမ်းအမှတ်ပွဲကျင်းပ

ကမ္ဘာပေါ်မှာ ပထမဆုံးအဏုမြူဗုံးကြဲချခံခဲ့ရတဲ့  ၇၅ နှစ် ပြည့်အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ သြဂုတ်လ ၆ ရက်က   ခေါင်းလောင်းထိုးပြီး ကျင်းပ ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခမ်းအနားကို အကျဉ်းချုံးကျင်းပခဲ့ပြီး  ဟီရိုရှီးမားမြို့တော်ဝန်က  တကိုယ်ကောင်းဆန်တဲ့ အမျိုးသားရေးဝါဒကို  ပယ်ဖျောက်ကာ  ခြိမ်းခြောက်မှု  အားလုံးကို ညီညီ ညွတ်ညွတ် တိုက်ဖျက်ဖို့ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းပါတယ်။  လူပေါင်း ၁၄၀၀၀၀ ကျော်သေဆုံးခဲ့ရတဲ့ အဏုမြူဗုံးကြဲခံရခြင်း  ၇၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ကိုဗစ်-၁၉ ရောဂါကြောင့် တင်းကျပ်တဲ့ ကြိုတင်ကာကွယ်ရေး သတိပေးချက်တွေ ထုတ်ပြန်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အခမ်းအနားကို ခါတိုင်းနှစ်တွေကလို  ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တက်ရောက်ခဲ့ပေမယ့် နိုင်ငံခြားဧည့်သည် အရေအတွက်က နည်းပါးခဲ့ပါတယ်။  ဒါ့အပြင်  အခမ်းအနားတက် ရောက်တဲ့စုစုပေါင်း အရေအတွက်ဟာ ခါတိုင်းရဲ့ ၁၀ရာခိုင် ထက် လျော့နည်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။   ၁၉၄၅ ခုနှစ်  သြဂုတ် ၆ ရက် မနက် ၈ နာရီ ၁၅ မိနစ်အချိန်က အမေရိကန် လေတပ် B-29 စစ်လေယာဉ် အန်နိုလာဂေးဟာ  "Little Boy" လို့ နာမည်ပေးထားတဲ့ ပထမဆုံး အဏုမြူ ဗုံးကို  ကြဲချခဲ့ပါတယ်။   အဲဒီဗုံးကြောင့် ခန့်မှန်းလူဦးရေ ၃၅၀၀၀၀ ရှိတဲ့ ဟီရိုရှီးမားမြို့မှာ ၁၄၀၀၀၀  ကျော် သေဆုံးပြီး နောက်ပိုင်းမှာတော့ ရရှိ ဒဏ်ရာတွေ၊ ဓာတ်ရောင်ခြည်နဲ့ ဆက်နွှယ်တဲ့ ရောဂါတွေကြောင့်  ထောင်ချီပြီး ထပ်မံ သေဆုံးခဲ့ပါတယ်။ 
2 years Ago
Up