close

အတည်ပြုလူနာ ၁၀၀

close

September 6, 2021

ဝိုင်းမော်တွင် တစ်ရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀၀ ကျော် စံချိန်တင်တွေ့ရှိ

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ စက်တင်ဘာ ၅ ရက်နေ့ တစ်ရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀၉ ဦးအထိ စံချိန်တင်တွေ့ရှိခဲ့တယ်လို့ မြို့နယ်ကုသရေးဦးစီးဌာနတာ၀န်ရှိသူတွေဆီက သိရပါတယ်။

တစ်နေ့တာစစ်ဆေးမှု အများဆုံးအနေနဲ့ ၁၁၉၆ ဦးကိုစစ်ဆေးခဲ့ရာမှ အခုလိုစံချိန်တင်တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးသူ တစ်ဦးလည်း ထပ်တိုးတာကြောင့် သေဆုံးသူစုစုပေါင်း ၃၈ ယောက်အထိရှိလာပြီလို့ သိရပါတယ်။

ဝိုင်းမော်မြို့မှာ ကိုဗစ်တတိယလှိုင်းကာလ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄၀၀ ကျော်၊ ဆေးရုံဆင်း ၉၉၅ ယောက်နဲ့ ကုသ‌ဆဲ ၄၀၂ ဦးအထိ ရှိနေတယ်လို့ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသိန်းမြို့ဆီက သိရပါတယ်။

15 mins Ago
Up