close

အတည်ပြုလူနာ ၁၂ ဦး

close

July 2, 2021

ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဦး တွေ့

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ဇူလိုင်  ၁ ရက်  ညနေက ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဦးတွေ့ရှိခဲ့တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

ညောင်လေးပင်မြို့က ၇ ဦး၊ ပြွန်တန်ဆာက ၄ ဦးနဲ့ ပိန်းဇလုပ်မြို့က ၁ ဦး တွေ့ရှိတာဖြစ်ပြီး ၁၂ ဦးစလုံးဟာ  အနံ့မရလို့ စစ်ဆေးရာမှ ပိုးတွေ့ရှိသူတွေနဲ့ Primary Contact ရှိသူတွေ ဖြစ်ပါတယ်။

ကိုဗစ်တတိယလှိုင်းအတွင်း ညောင်လေးပင်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၁ ဦး ရှိလာပြီး ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

4 mins Ago
Up