မွန်ပြည်နယ် ရေးမြို့နယ်မှာ တကျော့ပြန် ကိုဗစ်-၁၉ ကူးစက်မှု စတင်လာပြီး ဖေဖော်ဝါရီ ၁၇ ရက်နဲ့ ၁၈ ရက်နေ့က အတည်ပြုလူနာသစ် ၁၇ ဦးတွေ့ရှိခဲ့တယ်လို့ ပရဟိတသမားတွေက ပြောပါတယ်။
ကိုဗစ်ကူးစက်ခံရသူတွေကတော့ ဆေးရုံ သူနာပြု ၁ ဦးအပါအဝင် မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေကဖြစ်ပြီး အများစုက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ထားပြီးတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ရောဂါကူးစက်ခံရတဲ့သူတွေကို ရေးဆေးရုံ ကိုဗစ် လူနာထားရှိတဲ့ သီးသန့်ဆောင်မှာ ထားရှိ ကုသပေးနေပြီး အိုမီခရွန် ရှိမရှိတော့ မသိရသေးဘူးလို့ ကျန်မာရေး ဦးစီးဌာနက သိရပါတယ်။
ရေးမြို့နယ်တွင် ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ မေလကုန်ပိုင်းကနေ ဖေဖော်ဝါရီ ၁၂ ရက်အထိ ကိုဗစ်ပိုးတွေ့လူနာ ၁၉၁၁ ဦး၊ ဆေးရုံကနေ ဆင်းခွင့်ရရှိသူ ၁၇၆၃ ဦးနဲ့ သေဆုံးသူ ၁၄၂ ဦး ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကလည်း နိုင်ငံတဝန်းလုံးမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃,၀၅၈ ယောက်ကူးစက်ခံရပြီး စုစုပေါင်း အတည်ပြုလူနာ ၅၅၉,၃၁၄ ယောက်ရှိပြီလို့ မနေ့ညက ထုတ်ပြန်ထားပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဇူလိုင်လ ၁၄ ရက်နေ့က နယ်ထိန်း ၇ ဦးအပါအ၀င် စုစုပေါင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ ဦး တွေ့ရှိခဲ့တယ်လို့ မြို့နယ်ကုသရေးဦးစီးဌာနတာ၀န်ရှိသူတစ်ဦးဆီက သိရပါတယ်။
ပိုးတွေ့အတည်ပြုလူနာများနဲ့ ထိစပ်သူတွေ၊ သံသယလူနာ စုစုပေါင်း ၅၁ ဦးကိုစစ်ဆေးရာမှ မြို့မရဲစခန်း နယ်ထိန်းတွေအပါအဝင် ၁၇ ဦး ပိုးတွေ့ရှိခဲ့တာပါ။
ကိုဗစ်တတိယလိုင်းကာလ ဝိုင်းမော်မြို့မှာ ဇူလိုင် ၁၄ ရက်အထိ ကိုဗစ်အတည်ပြုလူနာ စုစု ပေါင်း ၁၃၄ ဦးအထိ ရှိလာခဲ့ပြီလို့ မြို့နယ်ဆေးရုံအုပ် ဒေါက်တာသိန်းမြို့ဆီက သိရပါတယ်။
ဝိုင်းမော်ဆေးရုံမှာ လက်ရှိ ကိုဗစ်လူနာ ၂၇ ဦး၊ မြို့နယ်အားကစားရုံ ဟောခန်းမမှာ ၅၆ ဦးနဲ့ ကန်ပိုက်တီဆေးရုံမှာ ၁၇ ဦး ကို လက်ခံကုသပေးနေတယ်လို့ ဆိုပါတယ်။
ပိုးတွေ့လူနာများလာသောကြောင့် နေရာအခက်အခဲ ရှိလာနိုင်ပြီး အခုထက်ပိုမိုများပြားလာပါက လော်ဝေါ်ယဉ်ကျေးမှု ခန်းမနဲ့ လာချိဒ် ရိုးရာယဉ်ကျေးမှုခန်းမတို့မှာ ကိုဗစ်စင်တာ အနေနဲ့ ထပ်လောင်းပြင်ဆင်ထား နေရတယ်လို့ ကျန်းမာရေးဌာနနဲ့နီးစပ်သူတွေဆီက သိရပါတယ်။