close

အတည်ပြုလူနာ ၁ သန်း

close

July 26, 2021

မလေးရှားတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ သန်း ကျော်ရှိလာ

မလေးရှားနိုင်ငံမှာ ဇူလိုင် ၂၅ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံအတည်ပြု လူဦးရေ ၁ သန်းကျော်ပြီလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းအချက်အလက်တွေကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

အလွန်အမင်း ကူးစက်လွယ်တဲ့ ဒယ်လ်တာဗီဇမျိုးကွဲက ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို ထိုးနှက်နေတယ်လို့လည်း ဆိုပါတယ်။

 အစိုးရက ကာကွယ်ဆေး ထိုးပေးတဲ့ အစီအစဉ်ကို အရှိန်မြှင့် ဆောင်ရွက်နေပြီး ဇွန်လ တည်းကတင်းကျပ်တဲ့ အသွားအလာ ပိတ်ဆို့ ကန့်သတ်ချက်တွေကို ချမှတ်ထားပေမဲ့ ကပ်ဘေးရဲ့ အထွဋ်အထိပ်ကို ရင်ဆိုင်နေရတာပါ။

တနင်္ဂနွေတစ်ရက်တည်းမှာ အသစ်ကူးစက်ခံ အယောက် ၁၇၀၀၀ ကျော်ရှိလို့ စံချိန်တင်ခဲ့တယ်လို့ မလေးရှားကျန်းမာရေးဝန်ကြီးဌာနက အစီရင်ခံပါတယ်။

ဒါကြောင့် မလေးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ အတည်ပြု လူဦးရေ စုစုပေါင်း ၁၀၁၃၀၀၀ ကျော်ပြီး ကူးစက်ခံ သေဆုံးသူဦးရေ ၈၀၀၀ နီးပါး ရှိနေပါပြီ။

 မလေးရှားဟာ ကာကွယ်ဆေးထိုးနှုန်း အမြန်ဆုံး နိုင်ငံတွေထဲက တနိုင်ငံဖြစ်ပေမဲ့ လူဦးရေနဲ့ နှိုင်းစာရင် ကူးစက်နှုန်း အမြင့်ဆုံးနိုင်ငံလည်း ဖြစ်နေပါတယ်။

 မလေးရှားဟာ လူဦးရေ ၃၂သန်းရဲ့ ၁၆ ဒသမ ၅ ရာခိုင်နှုန်းကို ကာကွယ်ဆေးအပြည့် ထိုးပေးပြီးသားပါ။ ဒီဇင်ဘာလမှာ နိုင်ငံလူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပြီးဖို့ ရည်မှန်း ထားပါတယ်။

5 mins Ago
Up