close

အတည်ပြုလူနာ ၂ ဦး သေ

close

June 14, 2021

မွန်ပြည်နယ်တွင် တစ်ရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး သေဆုံး

မွန်ပြည်နယ် မော်လမြိုင်မှာ ဇွန် ၁၄ ရက် တစ်ရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး သေဆုံးသွားခဲ့တယ်လို့ ကိုဗစ်အရေးကူညီဆောင်ရွက်နေသူက ပြောပါတယ်။

ဇွန် ၁၄ ရက်မနက်ပိုင်းမှာ မော်လမြိုင် လှိုင်ရပ်ကွက်နေသူ  အသက် ၆၁ နှစ်အရွယ် ကိုဗစ် အတည်ပြုလူနာ အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ ဒိုင်းဝန်ကွင်းရပ်က အသက် ၇၆ နှစ် အရွယ် ကိုဗစ်အတည်ပြုလူနာ အမျိုးသား တစ်ဦး ထပ်မံ သေဆုံးခဲ့တာပါ။

ဒါကြောင့် မွန်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာတွေ ပြန်လည်တွေ့ရှိခဲ့တဲ့ မေလဒုတိယ အပတ်ကစပြီး ဇွန် ၁၄ ရက်အထိ ကိုဗစ်အတည်ပြုလူနာ သေဆုံးသူ ၃ ဦး အထိရှိလာပါတယ်။

မွန်ပြည်နယ်မှာ ဇွန်လ ၁‌၄ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ အယောက် ၂၀ ကျော် ရှိပါတယ်။

6 mins Ago
Up