close

အတည်ပြုလူနာ ၄၅၃

close

July 8, 2021

မွန်ပြည်နယ်တွင် တစ်ရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၅၃ ဦးထိ စံချိန်တင်တွေ့ရှိ

မွန်ပြည်နယ်မှာ ဇူလိုင် ၇ ရက်နေ့ တစ်ရက်တည်း ကိုဗစ်အတည်ပြုလူနာ ၄၅၃ ဦးထိ စံချိန်တင် ထပ်မံတွေ့ရှိခဲ့တယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနက သိရပါတယ်။

ရောဂါပိုးတွေ့ရှိမှုအရ မွန်ပြည်နယ်ရဲ့ မြို့နယ် ၁၀ မြို့နယ်စလုံးမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံ နေရတာဖြစ်ပြီး မော်လမြိုင်၊ သံဖြူဇရပ်နဲ့ သထုံမြို့နယ်မှာ ရောဂါအများဆုံး ကူးစက်ခံထား ရပါတယ်။

ရောဂါပိုး ကူးစက်မှု ဆက်တိုက်မြင့်တက်နေတဲ့ မော်လမြိုင်၊ သံဖြူဇရပ်နဲ့ သထုံမြို့နယ်ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက နေအိမ်အတွင်း နေထိုင်ကြဖို့ Stay at Home ဇူလိုင် ၇ ရက် ညပိုင်းမှာ ကြေညာထားပါတယ်။

ကိုဗစ်အတည်ပြုလူနာတွေ နေ့စဉ်နဲ့အမျှ တွေ့ရှိလာလို့ လူနာတွေထားဖို့ နေရာအခက်အခဲ ရှိနေပြီး ဆရာဝန်လိုအပ်ချက်လည်း ဖြစ်ပေါ်နေတယ်လို့ ကိုဗစ်အရေးကူညီနေသူတွေ DVB ကို ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ဇူလိုင် ၈ ရက်မနက်ပိုင်းထိ ကိုဗစ်အတည်ပြုလူနာ ၁၈၀၀ ကျော်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

3 mins Ago
Up