close

အတည်ပြုလူနာ ၅၅ ဦး

close

July 9, 2021

ဟုမ္မလင်းတွင် ကိုဗစ်လူနာ ၁ ဦးထပ်မံသေဆုံး၊ အချုပ်သား ၁၇ ဦးအပါအဝင် အတည်ပြုလူနာ ၅၅ ဦးတွေ့

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့မှာ ဇူလိုင် ၈ ရက်နေ့ ညနေပိုင်းက အချုပ်သား ၁၇ ယောက်ပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၅ ယောက် တွေ့ရှိခဲ့ပြီး ကိုဗစ်လူနာ ၁ ဦး ထပ်မံသေဆုံးတယ်လို့ သိရပါတယ်။

အခုသေဆုံးသူဟာ ဆေးကုသမှုခံယူရင်း သေဆုံးသွားတယ်လို့ ပရဟိတလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

ဟုမ္မလင်းမြို့မှာ ကိုဗစ်သံသယရှိသူ ၁၀၅ ယောက်ကို စစ်ဆေးရာမှာ ၅၅ ယောက် ကိုဗစ်ပိုးတွေ့ခဲ့တာလို့ ပရဟိတလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

“အခု ကိုဗစ်ကူးစက်သူတွေကို ဟုမ္မလင်းကောလိပ်ကျောင်းနဲ့ ပြည်သူဆေးရုံမှာထားတယ်။ အခြေဆိုးတဲ့သူတွေကို ဆေးရုံမှာကုသတယ်။ အခြေအနေကောင်းတဲ့သူတွေကို ဟုမ္မလင်းကောလိမ်ကျောင်းမှာ ထားတယ်။”

ဟုမ္မလင်းမြို့မှာ ဇူလိုင် ၈ ရက်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၉၈ ဦး၊ ဆေးရုံဆင်းသူ ၁၆၁ ဦးနဲ့ သေဆုံးသူ ၆ ဦးပြီလို့ ဆေးရုံစာရင်းတွေအရ သိပါတယ်။

7 mins Ago
Up