ရုရှားဓာတ်မြေသြဇာနဲ့ စပါးတင်ပို့မှုတွေ ပိုပြီးလွတ်လပ်စေဖို့ အတားအဆီးတွေကို ရုပ်သိမ်းဖို့ ရုရှားနဲ့ တူရကီတို့ ဧပြီ ၇ ရက်က အန်ကာရာမြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ သဘောတူညီမှုရှိသွားပါတယ်။
ဒါအပြင်နောက်လအလွန်မှာ ယူကရိန်း စပါးတင်ပို့မှုကို သက်တမ်းတိုးဖို့ ကုသမဂ္ဂက ကြားဝင်စေ့စပ်ပေးမယ့် သဘောတူညီချက်ကိုလည်း အကောင်အထည်ဖော်ဖို့ သဘောတူညီခဲ့ကြပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေလာ့ဗ်ရို့ဗ်က သူနဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး မဲ့ဗ်လတ် ကာဗူဆိုဂလူ တို့ဟာ ပင်လယ်နက်စပါး သဘောတူညီချက်ရဲ့ စည်းကမ်းချက်တွေကို အကောင်အထည်ဖော်ရာမှာ မအောင်မြင်တဲ့အချက်တွေကို ဆွေးနွေးခဲ့ကြကြောင်း ပြောပါတယ်။
တကယ်လို့ အနောက်နိုင်ငံတွေက လယ်ယာပို့ကုန်အတွက် ပိုခက်ခဲတဲ့ အတားအဆီးတွေ လုပ်လာရင် ရုရှားက အပြင်မှာ လုပ်ဆောင်နိုင်ကြောင်းလည်း သူက ပြောပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လက သဘောတူညီချက်အရ ယူကရိန်းဆိပ်ကမ်းတွေမှ ကောက်နှံတွေနဲ့ တခြားကုန်စည်တွေဟာ ရုရှားရေတပ်က ပိတ်ဆို့ထားပေမယ့် လုံခြုံစိတ်ချစွာ ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက ကုလသမဂ္ဂ၊ ယူကရိန်းနဲ့ တူရကီတို့ဟာ ရက်ပေါင်း ၁၂၀ သက်တမ်းတိုးဖို့ ဝိုင်းပြောခဲ့ကြပေမယ့် ရုရှားက နောက်ထပ် ရက် ၆၀ သက်တမ်းတိုးပေးဖို့ တုံ့ပြန်ခဲ့တာပါ။ လာ့ဗ်ရို့ဗ် နဲ့အတူ ကာဗူဆိုဂလူ ကလည်း တူရကီဟာ သဘောတူညီချက်ကို မေလလယ်အထိ သက်တမ်းတိုးဖို့ ကတိပြုခဲ့ကြောင်း အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ထိပ်သီးသံတမန်နှစ်ဦးဟာ စပါးသဘောတူညီချက်၊ တူရကီမှ အလားအလာရှိတဲ့ ဓာတ်ငွေ့စက်ရုံ၊ ဆီးရီးယားပဋိပက္ခနဲ့ ယူကရိန်းအရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း လာ့ဗ်ရို့ဗ် က ပြောပါတယ်။
ရုရှားအစားအစာနဲ့ ဓာတ်မြေသြဇာတင်ပို့မှုဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှု အောက်မှာ မရှိပေမမဲ့ ငွေပေးချေမှု၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ အာမခံလုပ်ငန်းတွေအပေါ် ကန့်သတ်ချက်တွေက အတားအဆီးဖြစ်ကြောင်း မော်စကိုက ပြောပါတယ်။
အာမခံ လက်လှမ်းမမီမှုနဲ့ SWIFT ငွေလွှဲရေးအပိုင်း စာတိုပေးပို့ခြင်းစနစ်ကို ဝင်ရောက်ခွင့်မရှိခြင်းကြောင့်လည်း ရုရှားစပါးနဲ့ ဓာတ်မြေသြဇာတင်ပို့မှုကို ထိခိုက်ခဲ့ကြောင်း လာ့ဗ်ရို့ဗ်က ပြောသွားပါတယ်။
မန္တလေးမြို့မှာ အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဧပြီ ၁၀ ရက် မနက်ပိုင်းမှာပဲ ပြည်သူတွေ လုပ်ထားတဲ့ အတားအဆီးတွေကို ဖယ်ရှားတာနဲ့ လမ်းပေါ်သွားလာသူတွေကို စစ်ဆေးနေကြပါတယ်။
ချမ်းအေးသာစံမြို့နယ်ထဲမှာဆိုရင် ပြည်သူတွေ တားဆီးထားတဲ့ အတားအဆီးတွေကို ဘူဒိုဇာနဲ့ ဖယ်ရှားတဲ့အပြင် အနီးနား နေအိမ် အုတ်တံတိုင်းကိုပါ ဘူဒိုဇာနဲ့ ထိုးသွားခဲ့ပါတယ်။
လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးရာမှာလည်း ပြည်သူတွေရဲ့ ဖုန်းတွေ၊ ဆိုင်ကယ် toolbox တွေအပြင် စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ပတ်သက်တဲ့ တက်တူးထိုးထား မထားဆိုတာ တွေပါ စစ်ဆေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ညပိုင်းမှာ ဧည့်စားရင်းစစ်တဲ့ပုံစံနဲ့ နေအိမ်တွေကို အတင်းအဓမ္မဝင်ရောက်ပြီး စစ်ဆေးတာတွေ လုပ်နေ ကြပါတယ်။