close

အတိတ်

close

July 29, 2021

အောင်လကို ချုပ်ကွက်မသုံးဘဲ ဆိုင်ထိုးပြိုင်ထိုးရလည်း ပြဿနာမရှိကြောင်း အတိတ်ပြော

အောင်လအန်ဆန်နဲ့ပွဲမှာ ချုပ်ကွက်မသုံးဘဲ ဆိုင်ထိုးပြိုင်ထိုးရရင်လည်း ပြဿနာမရှိကြောင်း ပြိုင်ဘက် လီအန်ဒရိုအတိတ်ကပြောပါတယ်။ 

အောင်လအန်ဆန် အနေနဲ့ Ground Fight ဖြစ်တဲ့ ကြမ်းပြင်ပေါ်ထိုးသတ်တဲ့နေရာမှာ အားနည်းချက်ရှိတာကို သိရှိထားပေမယ့် အဲဒီလိုချုပ်ကွက် မသုံးဘဲ  ဆိုင်ထိုင်းပြိုင်ထိုးရတဲ့ Stand Fight ဆိုရင်လည်း ပြဿနာမရှိကြောင်း လီအန်ဒရိုအတိတ်ကပြောခဲ့တာပါ။ 

“သူ့အားနည်းချက်က Ground Fight ပါ။ ဒါပေမယ့် သူ့ဘက်က Stand Fight နဲ့ ဆိုင်ထိုး ပြိုင်ထိုးလာရင်လည်း ကိစ္စမရှိပါဘူး။ ကျနော်ကစိန်ခေါ်မှုကို ကြိုက်တယ်။ ဒါပေမယ့် Ground Fight ဖြစ်လာခဲ့ရင်တော့ ဒါက ကျွန်တော့်အိမ်လိုဖြစ်သွားမှာပေါ့” လို့ ဘရာဇီးဂျူဂျစ်ဆုချန်ပီယံ ၅ ကြိမ်ရခဲ့တဲ့ လီအန်ဒရိုအတိတ်က ပြောပါတယ်။ 

အောင်လအန်ဆန်ကတော့ လီအန်ဒရိုအတိတ်ရဲ့ ဂျူဂျစ်ဆု ချုပ်ကွက်တွေကို ရုန်းထွက်နိုင်စွမ်းရှိပြီး မစ်ဒယ်ဝိတ် ချန်ပီယံရွှေ့ခါး ပတ်ကို ပြန်လည်ရရှိလိုကြောင်းပြောပါတယ်။ 

အောင်လက “ကျနော်က Ground Fight မှာ ပိုကောင်းတယ်ဆိုပေမယ့် သူ့ဘက်က နပန်းနဲ့ လုံးထွေးသတ်ပုတ်လာ ရင်လည်းရုန်းထွက်နိုင်ပါတယ်။ မစ်ဒယ်ဝိတ်တန်းက ကျနော် ပိုင်ဆိုင်ခဲ့တဲ့နေရာပါ။ ရွှေခါးပတ်ပြန်ရချင်တယ်။ အဲဒီအတွက် ကျွန်တော့်ရှေ့မှာ ဘယ်သူတွေပဲ လာလာ အနိုင်ထိုးသတ်သွားချင်တယ်” လို့ အောင်လအန်ဆန်ကပြောပါတယ်။ 

လီအန်ဒရို အတိတ်ဟာ ဇူလိုင် ၃၀ ရက်မှာ ထိုးသတ်မဲ့ အောင်လအန်ဆန်နဲ့ ပွဲစဉ်အတွက် မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံ ဒီရိုက်တာနဲ့ ပူးတွဲ လေ့ကျင့်ခန်းပြုလုပ်ထား တယ်လို့ သိရပါတယ်။ 

1 min Ago
Up