close

အတ္တလန္တိတ်သမုဒ္ဒရာ

close

June 28, 2021

အတ္တလန္တိတ်သမုဒ္ဒရာထဲမှ ကလေး ၂၆ အပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ၃၀၀ ခန့်ကို စပိန် ကယ်ဆယ်

စပိန်နိုင်ငံ၊ ကာနာရီကျွန်းစုနားက အတ္တလန္တိတ်သမုဒ္ဒရာထဲကနေ ကလေး ၂၆ ယောက် အပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ၂၉၈ ယောက်ထက် မနည်းကို ဇွန် ၂၆ နဲ့ ၂၇ ရက်တွေက ကယ်ဆယ် နိုင်ခဲ့တယ်လို့ ကျွန်းရဲ့အရေးပေါ်ဌာနက ပြောပါတယ်။

  ရွှေ့ပြောင်းနေထိုင်သူတွေဟာ လှေ ၇ စီး နဲ့ ခရီးသွားနေတာဖြစ်ပြီး သူတို့ကို ကျွန်း ၅ ကျွန်း  အနားမှာ တွေ့ခဲ့တာပါ။

 ကယ်လာတဲ့ ကလေး တယောက် အခြေအနေ အသည်းအသန်ဖြစ်နေလို့ ဆေးရုံကို လွှဲပေးထားရပါတယ်။

  ဂရန်းကာနာရီယာ ကျွန်းပေါ်က ဆိပ်ကမ်းမှာ ကျောက်ချလာတဲ့ ရွှေ့ပြောင်း နေထိုင်သူတွေကို တင်လာတဲ့ ကမ်းရိုးတန်းစောင့် သင်္ဘောပေါ်မှာ လူတွေ ကြပ်သိပ်နေပုံကို ရိုက်တာသတင်းဌာန သတင်းရုပ်သံက ပြထားပါတယ်။

  ဒီနှစ်ထဲမှာ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၅၇၀၀ ကျော်ဟာ အာဖရိက ကနေ ကာနာရီ ကျွန်းစုဆီ အန္တရာယ်ကြီးတဲ့ ပင်လယ်ခရီးကို ဖြတ်သန်း လာရောက် ခဲ့ကြပါတယ်။

  ဒီလူဦးရေဟာ အရင်နှစ် အလားတူ ကာလ ကထက် နှစ်ဆဖြစ်ပြီး ၂၀၁၉ အလားတူ ကာလ ကထက် ၈ ဆ ပိုများတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

5 mins Ago
Up