မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ အတ္တရံတံတား(ချောင်းနှစ်ခွ)ရှိ ရဲကင်းဂိတ်စခန်းဟာ ဇွန် ၁၄ ရက် ဒီမနက် ၈ နာရီလောက်မှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရဲကင်းဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ပူးပေါင်းအဖွဲ့ ကလာရောက် တိုက်ခိုက်သွားတာာဖြစ်ပြီး ၁၀ မိနစ် နီးပါးအကြာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။
အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပြီးနောက် ကရင်နယ်ခြားစောင့် BGF တပ်က ကား ၂ စီးနဲ့ စစ်ကူလာရောက်ပေးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
အဲဒီရဲကင်းဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် အတ္တရံတံတား(ချောင်းနှစ်ခွ)ကို တနာရီလောက် ဖြတ်သန်းသွားခွင့် ယာယီပိတ်ပင်ခဲ့ပြီး မနက် ၉ နာရီ မိနစ် ၄၀ လောက်မှာ ဖြတ်သန်းသွားခွင့် ပြန်ရခဲ့ပါတယ်။
နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အခြေအနေ အသေးစိတ်ကို မသိရသေးပါဘူး။
အတ္တရံတံတား(ချောင်းနှစ်ခွ) ရဲကင်းဂိတ်စခန်းဟာ ပြီးခဲ့တဲ့ မတ် ၁၉ ရက်တုန်းကလည်း တိုက်ခိုက်ခံခဲ့ရပြီး အဲဒီတိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် တယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က အတ္ထရံတံတား(ချောင်းနှစ်ခွ) ရဲကင်းဂိတ်စခန်းဟာ မတ်လ ၁၉ ရက် ဒီနေ့ မနက် ၇ နာရီလောက်မှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရဲကင်းဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒုတပ်ကြပ် ရဲ တစ်ဦး သေဆုံးကာ ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရဲကင်းဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေပြီး ချောင်းနှစ်ခွတံတား ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားပါတယ်။
လက်ရှိမှာတော့ ချောင်းနှစ်ခွတံတားမှာ ခရီးသွားကားနဲ့ ဆိုင်ကယ် ရာနဲ့ချီ ပိတ်မိနေသလို မနက် ၁၁ နာရီအချိန်ထိ ဖြတ်သန်းသွားခွင့်မရသေးဘူးလို့ ခရီးသွားတွေ ပြောပါတယ်။
ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းက စစ်ကောင်စီတပ်တွေ ပြန်လည်ဆုတ်ခွာပေးဖို့ ကေအန်ယူက စစ်ကောင်စီ အရှေ့တောင်တိုင်းမှူးထံ သတိပေးစာ ပေးပို့ပြီးနောက် တပ်မဟာ ၆ နယ်မြေအများစုမှာ ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။