close

အတွင်းဝန်ရုံး

close

July 19, 2022

အာဇာနည်ကုန်းနှင့် အတွင်းဝန်ရုံးကို လုံခြုံရေးတင်းကျပ်

၇၅ နှစ်မြောက် အာဇာနည်နေ့မှာ ရန်ကုန်မြို့ရှိ အာဇာနည်ကုန်းကို ဝင်ရောက် ဂါရဝပြုလိုပါက သက်သေခံအထောက်အထားတွေ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာပြီး ဝင်ရောက်နိုင်တယ်လို့ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ ဒီနေ့မှာတော့ ရန်ကုန်မြို့ ဦးဝိစာရလမ်းနဲ့ ဓမ္မစေတီလမ်းထိပ်၊ လင့်လမ်းထိပ်၊ ရွှေဂုံတိုင်လမ်း၊ ဦးထောင်ဘိုအဝိုင်းထိပ်တို့မှာ လုံခြုံရေးအင်အားအများအပြားချထားပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ထားတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ဒီနေ့လို အာဇာနည်နေ့မတိုင်မီ  ဇူလိုင် ၁၁ နဲ့ ၁၂ ရက်တွေက ဗုံးခွဲမှုတွေ ရန်ကုန်အပါဝင် မြို့ကြီး တချို့တွေမှာ ဖြစ်ပွားခဲ့တာကြောင့် ပြည်သူတချို့ သေဆုံး ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

ဒါကြောင့် ဒီနေ့ကျရောက်တဲ့ အာဇာနည်နေ့ကို ရန်ကုန်မြို့နေ ပြည်သူတွေ အာဇာနည်ကုန်းမှာ အရင် နှစ်တွေလို တိုးမပေါက်အောင် သွားတာမျိုး မရှိတဲ့အပြင် ၁၀ နာရီ ၃၇ မိနစ်မှာလည်း ကားဟွန်းတီးတာ၊ အလေးပြုတာတွေကို ယခင်နှစ်တွေကလို အုံနဲ့ကျင်းနဲ့ လုပ်ဆောင်တာမျိုး မရှိဘူးလို့လည်း သိရပါတယ်။

ဒါ့အပြင် ဝန်ကြီးများရုံးရှိရာ လမ်းတွေဖြစ်တဲ့ သိမ်ဖြူလမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း နဲ့ ဗိုလ်အောင်ကျော်လမ်းတွေကိုလည်း လုံခြုံရေးထူထပ်စွာ ချထားပြီး မော်တော်ယာဥ်တွေ ဖြတ်သန်းသွားလာခွင့် ပိတ်ထားသလို ပြည်သူတွေလည်း ဝန်ကြီးများရုံးကို ဝင်ရောက်လေ့လာခွင့် မရခဲ့ပါဘူး။

ရန်ကုန်မြို့ နတ်မောက်လမ်းမှာရှိတဲ့ ဗိုလ်ချုပ်ပြတိုက်နဲ့ နေအိမ်တို့ကိုတော့ ပြည်သူတွေ လာရောက်ခွင့်ပေးထားတယ်လို့တော့ စစ်ကောင်စီက ကြေညာထားပါတယ်။

2 mins Ago

December 14, 2019

ရန်ကုန်မြို့ အတွင်းဝန်ရုံး နှစ် ၁၃၀ ပြည့်အထိမ်းအမှတ်ပွဲ ကျင်းပ (ဓာတ်ပုံ)

ရန်ကုန်မြို့ အတွင်းဝန်ရုံး (ဝန်ကြီးများရုံး) ရဲ့ နှစ် ၁၃ဝ ပြည့် အထိမ်းအမှတ်ပွဲကို ဒီဇင်ဘာ ၁၄ ရက်နေ့ကစပြီး ၁၅ ရက်နေ့အထိ အတွင်းဝန်ရုံးမှာ ကျင်းပနေပါတယ်။ ဝန်ကြီးများရုံးကို ၁၈၈၉ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ နှစ်ပေါင်း ၁၃ဝ ပြည့်ခဲ့ပါတယ်။  ဝန်ကြီးများရုံးဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကတ်ဘိနက်အဖွဲ့ဝင်ဝန်ကြီး ၇ ဦး၊ သက်တော်စောင့် ၁ ဦး စုစုပေါင်း အာဇာနည် ၉ ဦး လုပ်ကြံခံခဲ့ရတဲ့ နေရာလည်း ဖြစ်ပါတယ်။ အတွင်းဝန်ရုံး(ဝန်ကြီးများရုံး) ရဲ့ နှစ် ၁၃ဝ ပြည့် အထိမ်းအမှတ်ပွဲမှာတော့ ဈေးရောင်းပွဲတော်၊ ပန်းချီပြခန်းတွေ၊ ရှေးဟောင်းကားပြပွဲတွေ ပါဝင်ပြသနေပြီး စကားဝိုင်းနဲ့ ဖျော်ဖြေပွဲတွေလည်း ပါဝင်ကျင်းပနေပါတယ်။
3 years Ago
Up