close

အထက်တန်း‌ကျောင်းဝင်း

close

June 5, 2022

ဖားကန့်မြို့နယ်၌ အထက်တန်း‌ကျောင်းဝင်းအတွင်း ဗုံးပေါက်ကွဲ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာက အထက်တန်းကျောင်းမှာ ဇွန် ၄ ရက်ည ၇ နှစ်နာရီလောက်က  ဗုံး ၄ လုံး ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့  ရွာခံတွေထံကသိရပါတယ်။ 

ဟောင်ပါးရွာခံတယောက်က “စာသင်ကျောင်းထဲမှာ ဗုံးလေးလုံးကွဲတာ ဟုတ်တယ်။ ဘာတွေဖြစ်သွားလဲဆိုတာ မိုးရွာနေလို့ မသိရသေးဘူး” လို့ ပြောပါတယ်။ 

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုအခြေအနေနဲ့  ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာလဲဆိုတာကိုတော့  မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကလည်း မှော်စီဇာရွာက စာသင်ကျောင်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

4 mins Ago
Up