close

အထက်မင်းလှမြို့နယ်

close

April 14, 2023

အထက်မင်းလှမြို့နယ် NLD ပါတီ လူငယ်တာဝန်ခံ၏နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်

မကွေးတိုင်း မင်းလှမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လူငယ်တာဝန်ခံရဲ့ နေအိမ်ကို ဧပြီ ၁၄ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လရောက်ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အထက်မင်းလှမြို့နယ် ရှမ်းတပ်ကြီးကျေးရွာမှာ ဧပြီ ၁၄ ရက် မနက် ၉ နာရီလောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လူငယ်တာဝန်ခံ ကိုကျော်သူရရဲ့ နေအိမ်ကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက လာရောက်ချိပ်ပိတ်သွားတယ်လို့ ရှမ်းတပ်ကြီး ကျေးရွာဒေသခံတယောက်က ပြောပါတယ်။

သရက်ခရိုင်က ရဲတွေနဲ့ စစ်ကောင်စီတပ်သားတွေရယ်၊ ရေနံမနယ်မြေရဲစခန်းနဲ့ ရှမ်းတပ်ကြီးရဲကင်းက ရဲတွေ အင်အား ၈ ယောက်လောက်က ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေ မပါဘဲ လာရောက်ချိပ်ပိတ်သွားတာလို့ ဆိုပါတယ်။

ကိုကျော်သူရဟာ မင်းလှမြို့နယ် NLD ပါတီ လူငယ်တာဝန်ခံတယောက်ဖြစ်သလို စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေမှာ ဦဆောင်ပါဝင်ခဲ့တာကြောင့် စစ်ကောင်စီက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) တို့နဲ့ ဝရမ်းထုတ်ခံထားရတာလို့ ဆိုပါတယ်။

မကွေးတိုင်းအတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ NLD ပါတီဝင်တွေနဲ့ ပါတီထောက်ခံဝန်းရံသူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက မကြာခဏ ချိပ်ပိတ်နေသလို အပြစ်မဲ့ပြည်သူတွေကိုလည်း မကြာခဏ ဖမ်းဆီးနေတယ်လို့ ဒေသခံက ပြောပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် မေ ၂၀ ရက်နေ့အထိ နိုင်ငံတဝန်းမှာ နေအိမ်ပေါင်း ၅၈၀ ကျော် စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့ရာမှာ မကွေးတိုင်းအတွင်းက နေအိမ် ၄၈ လုံးပါတယ်လို ISP-Myanmar က ထုတ်ပြန်ထားပါတယ်။

13 hours Ago

March 6, 2020

အထက်မင်းလှမြို့နယ်ရှိ တရားမဝင် ရေနံချက်ဖိုများကို ဝန်ကြီးကိုယ်တိုင်သွားရောက်ဖမ်းဆီး

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်မှာ မတ်လ ၅ ရက်က တရားမဝင် ရေနံချက်ဖို ၅ လုံးကို တိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးကိုယ်တိုင် ဦးဆောင်ပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ မကွေးတိုင်းဒေသကြီး သယံဇာတ၊သဘာဝပတ်ဝန်ကျင် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က "တရားမဝင်တာကို တားဆီးရမှာက အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး ဌာန အားလုံးမှာ တာဝန်ရှိလို့ ဆောင်ရွက်ခဲ့တာပါ။ တရားမဝင်ရေ နံချက်ဖို ၅ လုံး ဖမ်းဆီးရမိခဲ့တာပါ။ ပခုက္ကူဘက်မှာလည်း အသေးစား ရေနံချက်စက်ရုံတွေ တည်ဆောက်နေတာ တော်တော်ခရီးရောက် နေပြီလို့"ပြောပါတယ်။ ရေနံမနယ်မြေ စခန်းမှူး ရဲအုပ်အောင်မင်းဦးက "မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်ကျင်၊ လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီး ဦးမြင့်ဇော် ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က တရားမဝင်ရေနံ ချက်ဖို ၅ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တာပါ။ ရေနံချက်ဖိုပိုင်ရှင်တွေ စုံစမ်းဖော်ထုတ်သွားမှာပါ လို့"ပြောပါတယ်။ အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်လို့ ရေနံမနယ်မြေရဲစခန်းမှာ ရေနံနဲ့ရေနံထွက်ပစ္စည်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း-မင်းထီး
3 years Ago
Up