close

အထက်မင်းလှမြို့

close

September 14, 2021

အထက်မင်းလှမြို့တွင် Mytel တာဝါတိုင် ကေဘယ်လ်ကြိုးများ မီးရှို့ခံရ

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ငါးဘတ်အိုင်ကျေးရွာ အနောက်ဘက်မှာရှိတဲ့ Mytel တာဝါတိုင်က ကေဘယ်လ်ကြိုးတွေ စက်တင်ဘာ ၁၃ ရက်နေ့ နေ့လယ်ပိုင်း မီးရှို့ခံလိုက်ရတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “မနက်ကတည်းက မိုင်တဲလိုင်းတွေ မရတော့တာကိုတော့ သတိထားမိတယ်။ ရဲတွေလာစစ်တော့မှ သေချာသိရတာ” လို့ ပြောပါတယ်။

အခု Mytel တိုင်ဖျက်ဆီးခံရတာဟာ အထက်မင်းလှမြို့နယ်မှာ ပထမဦးဆုံးဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ငါးဘတ်အိုင်ကျေးရွာအနီးက Mytel တာဝါတိုင် ဖျက်ဆီးခံရမှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့က ပြုလုပ်ခဲ့တယ်ဆိုတာ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

40 seconds Ago
Up