close

အထည်ချုပ်စက်ရုံအလုပ်သမား

close

May 1, 2023

ပုလဲလမ်းဆုံအနီး အထည်ချုပ်စက်ရုံဝန်ထမ်း အမျိုးသမီး ၁ ဦး YBS ဘတ်စ်ကား တိုက်ခံရပြီး သေဆုံး

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ပုလဲလမ်းဆုံအနီး ကုဋေကြွယ်လက်ဖက်ရည်ဆိုင် အရှေ့ အမှတ် (၃) လမ်းမပေါ်မှာ ဧပြီ ၃၀ ရက် ညနေပိုင်းက အထည်ချုပ်စက်ရုံဝန်ထမ်း အမျိုးသမီးငယ် တယောက် ကို YBS 92 က တိုက်မိကာ တက်ကြိတ်မိတာကြောင့် သေဆုံးသွားတယ်လို့ ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ 

အသက် ၂၅ ဝန်းကျင်ခန့်ရှိ အမျိုးသမီးငယ်ဟာ စက်ရုံဆင်းချိန် ညနေ ၅ နာရီလောက်မှာ ကားလမ်းဖြတ်ကူးရာမှ YBS 92 က ဝင်တိုက် တက်ကြိတ်တာကြောင့် ဦးခေါင်းပွင့်ထွက် ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးသွားတာပါ။ 

သေဆုံးသူဟာ စစ်ကိုင်း၊ မုံရွာမြို့နယ်ကနေ မင်္ဂလာဒုံမြို့နယ်မှာ အဒေါ်ဖြစ်သူနဲ့နေထိုင်ကာ အလုပ်လာရောက်လုပ်ကိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။ 

ပုလဲအရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တဦး "ပုလဲလမ်းဆုံနားမှာ အထည်ချုပ်ကနေ အလုပ်ပြန်လာရင်း လမ်းဖြတ်ကူးတယ်။ အဲဒီနေရာမှာ လမ်းကွေ့မယ့်ကားက ရှိတယ်။ အဲဒါကို YBS ၉၂ က ပတ်ကျော်တယ် ပြောတယ်။ ကောင်မလေးကို တိုက်မိတယ်။ ကျော်ရင်းနဲ့ တက်ကြိတ်သလို ဖြစ်သွားတာ”လို့ ပြောပါတယ်။ 

သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိပြီလို့ သိရပြီး ဒေသခံတွေရဲ့ ပြောပြချက်အရ ယာဉ်တိုက်မှုဖြစ်ပေါ်ခဲ့တဲ့ ပုလဲလမ်းဆုံအနီးနေရာက စက်ရုံဆင်းချိန်ဆို ယာဉ်ကြောပိတ်ဆို့ကာ ယာဉ်မတော်တဆမှုအတွက် အန္တရာယ်ရှိတယ်လို့ သိရပါတယ်။

လူကို ဝင်တိုက်ခဲ့တဲ့ YBS 92 က ယာဉ်မောင်းကို မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး ရုပ်အလောင်းကို အင်းစိန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

8 mins Ago

March 17, 2020

အလုပ်ရှင်ထွက်ပြေးသွားသဖြင့် အထည်ချုပ်စက်ရုံအလုပ်သမား ၇၅၀ ကျော် ဆုံးရှုံးနစ်နာနေ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်နဲ့ ရွှေပြည်သာမြို့နယ် စက်မှုဇုန်တွေမှာ အလုပ်ရှင်ထွက်ပြေးသွားလို့ နစ်နာဆုံးရှုံးခဲ့တဲ့ အထည်ချုပ်စက်ရုံအလုပ်သမားတွေက   ဒီကနေ့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်ရုံးထံ စာတင်ပြီး အကူအညီတောင်းခံခဲ့ ပါတယ်။ ဒါပေမယ့် နိုင်ငံခြားရေးဝန်ကြီးရုံးက စာတင်တာလက်မခံတဲ့အတွက် ၈ မိုင်ရှိ အလုပ်သမားရုံးကို သွားရောက်ခဲ့ပေမယ့်  အဆိုပါစာကိုလက်ခံခြင်းမရှိဘူးလို့ Myanmar Royal Apollo အထည်ချုပ်စက်ရုံအလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM)မှ အစီအစဉ် ဒါရိုက်တာ  ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံသား အလုပ်ရှင်ထွက်ပြေးသွားလို့ နစ်နာခဲ့တဲ့ အလုပ်သမားတွေက တရုတ်သံရုံးကို မတ်လ ၁၆ ရက်က အကူညီတောင်းခံစာ သွားရောက်တင်ခဲ့ပေမယ့်လည်း တရုတ်သံရုံးက လက်မခံခဲ့ပါဘူး။ တရုတ်နိုင်ငံသားပိုင် ရွှေပြည်သာ စက်မှုဇုန်(၂)ရှိ  Myanmar Royal Appolo အထည်ချုပ်စက်ရုံမှ အလုပ်သမား ၄၅၀ ကျော်၊ လှိုင်သာယာရွှေလင်ပန်းစက်မှုဇုန်ရှိ Suxing အထည်ချုပ်စက်ရုံမှ အလုပ်သမား ၃၀၀ ကျော်တို့မှာ လုပ်ခလစာမရရှိဘဲ နစ်နာနေတဲ့အတွက် ကူညီ ဖြေရှင်းပေးဖို့  သက်ဆိုင်ရာကို စာတင်တာဖြစ်ပါတယ်။
3 years Ago
Up