close

အထည်စက်ရုံ

close

June 18, 2022

ဝမ်းတွင်းမြို့ အထည်စက်ရုံတွင် အမျိုးသား ၁ ဦး ဓာတ်လိုက်သေဆုံး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ အမှတ်(၂)ရပ်ကွက် အထည်စက်ရုံတရုံမှာ ဇွန် ၁၇ ရက် မနက်ပိုင်းက ဓာတ်လိုက်သေဆုံးသွားတယ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဓာတ်လိုက်သေဆုံးခဲ့သူဟာ အသက် ၃၉ နှစ် အရွယ် ကိုအောင်နိုင် ဖြစ်ပြီး  ရေစိုနေတဲ့လက်နဲ့ လျှပ်စစ်မီးခလုတ်ဖွင့်ရာကနေ သေဆုံးခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။  

"လက်ကလည်း ရေစိုနေတယ် ခြေထောင်ကလည်း မြေကြီးနဲ့ ထိနေတော့ ဓာတ်လိုက်တာ နေရာတင် သေဆုံးတယ်။ မီးလာတဲ့အချိန် အလုပ်ပြီးအောင် လုလုပ်နေရတော့ အမှုမဲ့ အမှတ်မဲ့ ဖြစ်သွားပုံရတယ်။ မျက်နှာနဲ့ ကြောပြင်တွေ ညိုမဲ ဒဏ်ရာတွေ ရကုန်တယ်။ ပရဟိတအဖွဲ့တွေကပဲ ဆေးရုံပို့ပေးတယ်။"

ကိုအောင်နိုင်သေဆုံးတာ ဓမ္မတာအတိုင်း ဟုတ်မဟုတ် ဝမ်းတွင်းမြို့မရဲစခန်းမှာ သေမှုသေခင်း အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။

56 seconds Ago
Up