close

အထိမ်းအမှတ်

close

February 13, 2022

ကင်ဂျုံအီလ် အသက် ၈၀ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ကျင်းပ

မြောက်ကိုရီးယားမှာ ကွယ်လွန်သူခေါင်းဆောင် ကင်ဂျုံအီလ်ရဲ့ နှစ် ၈၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၁ ရက်က အနုပညာပွဲတော်တခု ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။ 

ပထမအကြိမ်စကျင်းပတဲ့ ပြည်သူ့အနုပညာပွဲတော်မှာ ပြည်နယ်ပေါင်းစုံမှ အနုပညာရှင် ၂၉၀၀ ပါဝင်ပြီး ပြုံယမ်း Grand Theatre ကဇာတ်ရုံမှာလည်း အဆိုအကတွေနဲ့ ဖျော်ဖြေတဲ့ ဗွီဒီယိုကို နိုင်ငံပိုင်ရုပ်သံက လွှင့်ထုတ်ခဲ့ပါတယ်။ 

သမ္မတ ကင်ဂျုံအန်းက  သူ့ရဲ့ဖခင် ကင်ဂျုံအီလ်ရဲ့ မွေးနေ့  ဖေဖော်ဝါရီ ၁၆  ရက်ကို ‘ထွန်းလင်းကြယ်နေ့’ လို့ တရားဝင် ခေါ်စေပြီး နိုင်ငံတော်အားလပ်ရက်အဖြစ် သတ်မှတ်ပေးထားတာပါ။ 

ကွန်မြူနစ်နိုင်ငံကို ဆင်းရဲတွင်းနက်သထက်နက်အောင် ၁၇ နှစ် အုပ်ချုပ်ခဲ့တဲ့ ကမ်ဂျုံအီလ်ဟာ ၁၉၄၂ မှာ မွေးပြီး ၂၀၁၁ မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

22 seconds Ago

September 13, 2020

ချီလီအာဏာရှင်လက်ထက် သေဆုံးသူများအထိမ်းအမှတ်ပွဲ၌ ရဲနှင့်ဆန္ဒပြသူများ ရုန်းရင်း ဆန်ခတ်ဖြစ်

ချီလီအာဏာရှင် ပီနိုချေးလက်ထက်မှာ သေဆုံးခဲ့သူတွေအတွက်လုပ်တဲ့  စက်တင်ဘာ ၁၁ ရက် အထိမ်းအမှတ်အခမ်းအနားမှာ ရဲတပ်ဖွဲ့နဲ့ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ် ဖြစ်ပါတယ်။ ၁၉၇၃ စက်တင်ဘာ ၁၁ ရက်မှာ ဆာဗေဒို အာလန်ဒဲ အစိုးရပြုတ်ကျပြီး သြဂတ်စတိုပီနိုချေး အာဏာရလာခဲ့ပါတယ်။   ပီနိုချေးဟာ ချီလီကို ၁၉၇၃ ကနေ ၁၉၉၀ အထိ ၁၇ နှစ်ကြာ တင်းတင်းကျပ်ကျပ် အုပ်ချုပ်ခဲ့ပါတယ်။ အာဏာရှင် ပီနိုချေးလက်ထက်မှာ လူပေါင်း ၃၀၀၀ ကျော် သေဆုံး ပျောက်ဆုံးခဲ့ပြီး  ၂၈၀၀၀ ခန့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပါတယ်။  ဒါကြောင့် ပီနိုချေးလက်ထက်က သေဆုံးညှဉ်းပန်းနှိပ်စက်ခံရသူတွေရဲ့ မိသားစုဝင်တွေ အပါအဝင် ထောင်ချီတဲ့လူတွေဟာ စက်တင်ဘာ ၁၁ ရက်က အထိမ်းအမှတ်ပွဲမှာ ပါဝင်ပြီး မြို့တော် ဆန်တီယေဂိုမှာ ချီတက်ခဲ့ကြပါတယ်။    အဲဒီလို ချီတက်ရာကနေ ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခဖြစ်ပြီး ရဲတွေက ဆန္ဒပြသူတွေကို ရေအမြောက်သုံး လူစုခွဲခဲ့သလို ဆန္ဒပြသူတွေကလည်း ရဲတပ်ဖွဲ့ဝင်တွေကို ခဲတွေနဲ့ပစ်ပေါက်ခဲ့ ပါတယ်။
1 year Ago
Up