close

အထီးကျန်

close

February 25, 2022

စစ်ပွဲကို ရွေးချယ်ခဲ့ခြင်းက ရုရှားကို အထီးကျန်အားနည်းစေမည်ဟု ဘိုင်ဒင်ပြော

ဗလာဒီမာပူတင်ဟာ ရေရာတဲ့အကြောင်း မရှိဘဲ စစ်ပွဲကို ရွေးချယ်ခဲ့တဲ့ သူ့အပြုအမူအတွက် သူ့နိုင်ငံက ဆိုးကျိုးခံစားရမှာဖြစ်ပြီး လွတ်လပ်မှုကသာ အောင်ပွဲခံမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က  နိုင်ငံကို မိန့်ခွန်းပြောခဲ့ပါတယ်။

“ဘိုင်ဒင်က ယနေ့ခေတ်သမိုင်းကို ရေးကြတဲ့အခါမှာ ယူကရိန်းအပေါ် လုံးဝ တရားမျှတမှုမရှိတဲ့ စစ်ပွဲဆင်နွှဲဖို့  ပူတင် ရွေးချယ်ခဲ့တာဟာ ရုရှားကို အထီးကျန် အားနည်းမှုသာ ဖြစ်စေလိမ့်မယ်၊ ကျန်ကမ္ဘာဒေသတွေက ပိုမို အားကောင်းလာမယ်” လို့ ပြောပါတယ်။ 

ရုရှားက ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ကျူးကျော် ဝင်ရောက်တိုက်ခိုက်ပြီးနောက် အမေရိကန် သမ္မတက ခုလိုပြောဆိုလိုက်တာပါ။

ရုရှားဘဏ်တွေနဲ့ နိုင်ငံပိုင်လုပ်ငန်းတွေကို စီးပွားရေး ပိတ်ဆို့မှာဖြစ်ပြီး အဓိက ကမ္ဘာ့ငွေကြေးတွေနဲ့ ဆက်စပ်အလုပ်လုပ်နိုင်စွမ်း ရှိတော့မှာမဟုတ်ဘူးလို့လည်း ဘိုင်ဒင်က ပြောပါတယ်။

ပူတင်ဟာ စစ်ပွဲကို ရွေးချယ်သူ၊ ကျူးကျော်သူ၊ ကြိုတင်ပြင်ဆင်ထားတဲ့ စစ်ပွဲပါ။ ကမ္ဘာပေါ်ရှိ လူအများစုက ယူကရိန်းအပေါ် စစ်ရေးကျူးကျော်မှုကို မထောက်ခံဘူးလို့လည်း ပြောပါတယ်။ 

52 seconds Ago
Up