close

အထူးကွန်မန်ဒို ၁ ဦးကျဆုံး

close

February 26, 2022

ယင်းမာပင်မြို့နယ်တိုက်ပွဲ၌ PDF အထူးကွန်မန်ဒို ၁ ဦးကျဆုံး၊ စစ်ကောင်စီတပ်သား ၈ ဦးသေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF ပူးပေါင်းတွေ ဖေဖော်ဝါရီ ၂၅ ရက် ညနေက  တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ  ချင်းတွင်းတိုက်ခိုက်ရေးတပ်ဖွဲ့ Chindwin Attack Force မှ အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင် ဒေါနမောင်မောင်ဟာ ကျည်ထိမှန်ကျဆုံးခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း(၂)က ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

မနေ့ ညနေ ၅နာရီလောက်မှာ ဘန့်ဘွေးရွာတောင်ဘက်မှာ  နေရာယူထားတဲ့ စစ်ကောင်စီတပ် အင်အား ၅၀ ကျော်နဲ့  မုံရွာခရိုင်တပ်ရင်း - ၂  (Chindwin Attack Force)၊  မုံရွာခရိုင် တပ်ရင်း - ၃၊ မုံရွာခရိုင် တပ်ရင်း - ၄ နဲ့ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေ ပူးပေါင်းနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄၀ မမ ဗုံးသီး ၂၀ ကျော်နဲ့ စက်လက်နက်ငယ်တွေနဲ့ တရစပ်ပြန်လည်ပစ်ခတ်ခဲ့ပြီး  လက်နက်အင်အားမမျှလို့ PDF ရဲဘော်တွေကို ကာကွယ်ပစ်ကူပေးခဲ့တဲ့  Chindwin Attack Force မှ အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင် ဒေါနမောင်မောင်ဟာ ကျည်ထိမှန် ကျဆုံးခဲ့တာဖြစ်ပါတယ်။ 

မနေ့က တိုက်ပွဲတွင်း ပဒေသာသုံးလုံးတွဲမိုင်း ထိမှန်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ယောက် သေဆုံးသွားတယ်လို့လည်း  မုံရွာခရိုင်တပ်ရင်း(၂)ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

3 mins Ago
Up