close

အထူးအယူခံ

close

June 9, 2022

ခြံအမှတ် ၅၄ အမွေအမှုအတွက် ဦးအောင်ဆန်းဦး၏ အထူးအယူခံ ဇွန် ၂၇ ရက် ကြားနာမည်

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) အမွေအမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက အထူးအယူခံ တင်ထားတာကို ဇွန် ၂၇ ရက်မှာ ကြားနာမယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြေညာထားပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ခြံထဲက နှစ်ထပ်တိုက်ပါဝင်တဲ့ အခြမ်းကို ဒေါ်အောင်ဆန်းစုကြည်၊ တစ်ထပ်တိုက်ပါတဲ့အခြမ်းကိုတော့ ဦးအောင်ဆန်းဦးတို့ အသီးသီး ခွဲဝေယူကြဖို့ ၂၀၁၆ ခုနှစ်မှာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချပြီး ဖြစ်ပါတယ်။

ဒါကိုလည်း မကျေနပ်တဲ့အတွက် ဦးအောင်ဆန်းဦးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အယူခံတက်ခဲ့ပေမဲ့  ပလပ်ခံခဲ့ရပါတယ်။ ခုအခါ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ အထူးအယူခံထပ်တင်တာဖြစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယခု ဇွန်လ ၂၇ ရက်မှာ ကြားနာဖို့ ကြေညာထားတာပါ။

နှစ်ဧက နီးပါးရှိတဲ့ ခြံအမှတ် ၅၄ နဲ့ပတ်သက်လို့ ဦးအောင်ဆန်းဦးက အမွေခွဲပေးဖို့ စတင်တရားစွဲခဲ့တာ ဆယ်စုနစ်တွေနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။  

57 seconds Ago
Up