close

အထောင်အထက်တန်းကျောင်း

close

June 3, 2021

ကျုံပျော်မြို့နယ် အထောင်အထက်တန်းကျောင်းတွင် ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ အထောင်ကျေးရွာ အထက်တန်းကျောင်းမှာ  ဇွန် ၂ ရက်ညက ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။

မနေ့ည ၈ နာရီကျော်က အထောင်အထက်တန်းကျောင်းဝင်းထဲ  ဗုံး ၃ လုံး ပေါက်ကွဲပြီးနောက် စစ်တပ်က လာရောက်စစ်ဆေးခဲ့ကာ  ညဘက် အပြင်ထွက်တဲ့ ရွာသား  ၅ ယောက်ကို ဖမ်းဆီးသွားတယ်လို့  ဒေသခံတဦးက ပြောပါတယ်။

“ညပိုင်းပေါက်တာ အထောင်၊ အထက်တန်းကျောင်းဝင်းထဲ  ဆက်တိုက်ပေါက်တာပါ။ လူထိ ခိုက်မှုတော့ ရှိတယ် မကြားရဘူး။ ဗုံးပေါက်တဲ့အချိန်က ညမထွက်ရအချိန်မှာ ပေါက်တာ”။

ကျုံပျော်မြို့မှာ ဇွန် ၁ ရက်ကလည်း ဗုံးပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။

2 mins Ago
Up