close

အထွေထွေသပိတ်ကော်မတီ (BEGSC)

close

August 18, 2022

BEGSC ဗဟိုကော်မတီဝင် ဆရာနိုင်းသီဟကျော်ကို စစ်ကောင်စီက ထောင် ၅ နှစ်ချ

အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) ရဲ့ ဗဟိုကော်မတီဝင်တယောက်ဖြစ်သူ ဆရာနိုင်းသီဟကျော်ကို ဩဂုတ် ၁၇ ရက်မှာ ထောင်တွင်းတရားရုံးမှာ ထောင်ဒဏ် ၅ နှစ် မျက်ကွယ်အမိန့်ချမှတ်ခဲ့ပါတယ်။

ဆရာနိုင်းသီဟကျော်ကို ပုဒ်မ ၅၂(က) အရ အမိန့်ချမှတ်တာဖြစ်ပြီး တရားရုံးမှာ ရုံးထုတ်ခြင်းမရှိဘဲ အမိန့်ချခဲ့တာလို့ သိရပါတယ်။

ဩဂုတ် ၁၁ ရက်ကလည်း ဆရာနိုင်းသီဟကျော်ကို အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ ၅၀၅(က) အရ ထောင်ဒဏ် ၃ နှစ် မျက်ကွယ်အမိန့်ချမှတ်ခဲ့ပါသေးတယ်။

ဒါ့အပြင် မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (MUSU) အဖွဲ့ဝင်ဖြစ်သူ ကိုရန်စိုးပိုင်ကို မဟာအောင်မြေတရားရုံးက စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(က) အတွက် တရားလိုစစ်ဆေးတာ၊ စွဲချက်တင်တာမရှိဘဲ တရားရေးလုပ်ထုံးလုပ်နည်း အားလုံးကို လွန်ဆန်ကာ မတရားမျက်ကွယ်မိန့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တယ်လို့ အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) က ထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်က ဆရာနိုင်းသီဟကျော်၊ ကိုရန်စိုးပိုင်တို့နဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ BEGSC ဗဟိုကော်မတီဝင် ဆရာနောင်ထက်အောင်၊ ဆရာမသက်ဆုလှိုင် တို့ကိုလည်း စစ်ကောင်စီက ပုဒ်မ ၅၂(က) နဲ့ စွဲဆိုထားတဲ့အပေါ် မတရား မျက်ကွယ်အမိန့် ချမှတ်ခဲ့တာတွေကိုတော့ သီးခြားစုံစမ်း အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

12 mins Ago

May 28, 2021

စစ်အာဏာရှင်အထောက်အပံ့ဖြစ်စေမည့် သင်ကြားရေးတာဝန်ကို လုံးဝမထမ်းဆောင်ဟု ကြေညာ

စစ်အာဏာရှင်ယန္တရားကို သက်ဆိုးရှည်ဖို့ အထောက်အပံ့ဖြစ်တဲ့ သင်ကြားတာဝန်ကို လုံးဝထမ်းဆောင်မှာ မဟုတ်ကြောင်း CDM ဆောင်ရွက်နေကြတဲ့ အ‌‌ခြေခံပညာဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC)က မေလ ၂၈ ရက်နေ့ ရက်စွဲနဲ့ကြေညာလိုက်ပါတယ်။

ရာထူးတာဝန်က ထုတ်ပယ်လိုက်တဲ့ ပညာရေးဝန်ထမ်းတွေကို ကိုယ်ပိုင်းကျောင်းတွေမှာ ခန့်အပ်ခြင်းမပြုဖို့ အာဏာသိမ်းစစ်ကောင်စီက မေလ ၂၇ ရက်နေ့က ညွှန်ကြားချက် ထွက်ပေါ်လာပြီး နောက် အခြေခံပညာဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ(BEGSC)က အခုလို ထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံတဝန်း အခြေခံပညာစာသင်ကျောင်းတွေမှာ ခုသီတင်းပတ်အတွင်း ကျောင်းသားတွေကို စတင်ကျောင်းအပ်လက်ခံနေပြီး ဇွန်လဆန်းမှာ  ကျောင်းတွေပြန်ဖွင့်ဖို့ အကြမ်းဖက် စစ်အုပ်စုက စီစဉ်နေတာပါ။ 

ဆရာ ဆရာမတွေ ၊ မိဘပြည်သူတွေနဲ့ ကျောင်းသူကျောင်းသားတွေကတော့ စစ်ကျွန် ပညာရေးကို ဆန့်ကျင်တဲ့အနေနဲ့ ကျောင်းမတက်ရေးလှုပ်ရှားမှုတွေပြုလုပ်နေကြပါတယ်။ 

1 year Ago
Up