close

အထွေထွေအုပ်ချုပ်ရေးမှူးရုံး

close

July 27, 2022

ပင်းတယမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဗုံးပစ် သတိပေးခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့ရှိ စစ်ကောင်စီလက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက် သတိပေးခဲ့တယ်လို့ ချိုးဖြူ ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) က ပင်းတယမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှုးရုံးကို ဇူလိုင် ၂၆ ရက်နေ့ မနက် ၉ နာရီလောက် ဗုံးပစ်တိုက်ခိုက်ခဲ့ရာ ဗုံးမှာ error ဖြစ်ပြီး ပေါက်ကွဲခြင်းမရှိခဲ့တာကြောင့် ဒီ့ထက် ၂ ဆပြင်းတဲ့ ဗုံးနဲ့ ပြန်လည်တိုက်ခိုက်သွားမှာဖြစ်လို့ ထွေအုပ် NON CDM ဝန်ထမ်းတွေအနေနဲ့ အမြန်ဆုံးရှောင်ရှားကြဖို့ ချိုးဖြူပြောက်ကျားတပ်ဖွဲ့က သတိပေးထားပါတယ်။

ချိုးဖြူပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက “ဘယ်သူ့ကိုမှ ညှာတာထောက်ထားနေမှာ မဟုတ်ဘဲ လုပ်စရာရှိတာ ဆက်လုပ်သွားတော့မှာပါ။ ဆက်လက်ပြီး စစ်ကောင်စီနဲ့ ပတ်သက်နေဦးမယ်ဆိုရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပါပဲ။ စစ်ကောင်စီကိုတော့ စပရိန်လို ဖိနှိပ်သလောက် ပြန်တွန်းကန်မဲ့ ပြည်သူတွေဆိုတာကို ကြပ်ကြပ်သတိထားပါလို့ပဲ ပြောချင်တယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။ 

ပင်းတယမြို့နယ်ရှိ စစ်ကောင်စီအလိုကြဆောင်ရွက်နေတဲ့ ထွေအုပ်ဝန်ထမ်းတွေနဲ့ စစ်ကောင်စီ ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ၁၅ ရက်အတွင်း နုတ်ထွက်ကြဖို့ နောက်ဆုံး အကြိမ်သတိပေးထားပြီး လိုက်နာဆောင်ရွက်ခြင်းတဲ့ စစ်ကောင်စီအလိုကျအုပ်ချုပ်ရေးမှူးတွေကို လုံးဝ(လုံးဝ)ခွင့်လွှတ်ပေးမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။

4 mins Ago

March 6, 2022

ချမ်းအေးသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီး ဗုံးပေါက်

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၈ လမ်း၊ ၇၆ လမ်း နဲ့ ၇၇ လမ်းကြားရှိ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနားမှာ မတ် ၆ ရက် နေ့လယ် ၁၂ ကျော်လောက်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

ချမ်းအေးသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့မှာ အတားဆီးများချထားပြီး ဗုံးပေါက်ကွဲမှု ကြောင့် ထိခိုက်ဒဏ်ရာရတာနဲ့ ပျက်စီးဆုံးရှုံးတာမရှိဘူးလို့ သိရပါတယ်။

“အဲ့ဒီရုံးရှေ့မှာ ဘယ်ရီဂိတ်တွေ အမြဲချထားတာ။ နောက်ပြီး စစ်သားလုံခြုံရေးလည်း အမြဲရှိတယ်။ တခါတခါ ညနေပိုင်းမှာ စစ်ဆေးတာတွေလုပ်တယ်” လို့ ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်သူတဦး က ပြောပါတယ်။

ဗုံဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မရှိရသေးဘဲ ပေါက်ကွဲမှုဖြစ်ပြီးမကြာခင် စစ်ကောင်စီတပ်သားတွေက အနီးဝန်းကျင်မှာ စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

မတ် ၄ ရက်ကလည်း မဟာအောင်မြေမြို့နယ် ၃၈ လမ်းနဲ့ ၇၈ လမ်းထောင့်က CCTV ဆာဗာပုံးနဲ့ ကင်းတဲဂိတ်ကို Mandalay Ranger Force၊ Guerilla  Force Mahdalay၊ အမရကြယ်စင် PDF ညီနောင် ၃ ဖွဲ့ ပူးပေါင်းကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။

မန္တလေးမြို့မှာ စစ်ကောင်စီတပ်သားတွေဟာ အရပ်ဝတ်တွေနဲ့ ပိတ်ဆို့စစ်ဆေးတာတွေ၊ ကင်းလှည့်တာတွေ နေ့စဉ်လိုလိုု လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

5 months Ago
Up