close

အဓမ္မသိမ်းဆည်း

close

April 4, 2022

မြဝတီမြို့ရှိ အန်အယ်လ်ဒီ လွှတ်တော်အမတ်၏ ရွှေဆိုင်ကို စစ်ကောင်စီက အဓမ္မသိမ်းဆည်း

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် ပိုင်ဆိုင်တဲ့ ရွှေဆိုင်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဒီကနေ့ ဧပြီ ၄ ရက်မှာ အဓမ္မ သိမ်းဆည်းလိုက်ပါတယ်။

မြဝတီမြို့ အမှတ် (၄) ရပ်ကွက် ပြည်ခိုင်ဖြိုးလမ်းမှာ ဖွင့်လှစ်ထားတဲ့ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် ပိုင်ဆိုင်တဲ့ ရွှေရတီလင်း အာမခံ ရတနာရွှေဆိုင်ကို မြဝတီမြို့မ ရဲစခန်းက လာရောက်သိမ်းဆည်းချိပ်ပိတ်လိုက်တာ ဖြစ်ပါတယ်။

ဒီရွှေဆိုင်ဟာ  ရဲစခန်းရဲ့  (ပ)၁၂၆/၂၀၂၂ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)/ ၅၂(က) အရ အမှုနဲ့ သိမ်းဆည်းထားတဲ့ ရွှေဆိုင်ဖြင့်ကြောင်း ရွှေဆိုင်အရှေ့မှာ စစ်ကောင်စီက ဗွီနိုင်းပိုစတာ လာကပ်ထားတယ်လို့ ဒေသခံက ပြောပါတယ်။  

မြန်မာနိုင်ငံတဝန်းမှာ အန်အယ်လ်ဒီလွှတ်တော်အမတ်တွေ၊ ပါတီဝင်တွေကို စစ်ကောင်စီက ဖမ်းဆီးထောင်ချ၊ ပိုင်ဆိုင်မှုတွေကို လိုက်လံချိပ်ပိတ်သိမ်းဆည်းနေတာဖြစ်ပြီး မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာတော့ အခု ပထမဆုံး အကြိမ်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

12 hours Ago
Up