close

အဓိကဦးစားပေး

close

November 26, 2022

လူနေမှုစရိတ်ကြီးမြင့်မှု ဖြေရှင်းရေး အဓိကဦးစားပေးဟု မလေးရှားဝန်ကြီးချုပ်သစ် အန်ဝါပြော

မလေးရှားဝန်ကြီးချုပ်သစ် အန်ဝါအီဘရာဟင်က သူဟာ တိုင်းပြည်စီးပွားရေး နှေးကွေးနေပြီး ရွေးကောက်ပွဲပြီးသွားလို့ နိုင်ငံဟာ နက်နက်ရှိုင်းရှိုင်း ကွဲထွက်ချင်နေချိန်မှာ ရာထူးရရှိခဲ့တာကြောင့် သူ့ရဲ့ အဓိကဦးစားပေးကိစ္စဟာ ပြည်သူတွေရဲ့ လူနေမှုစရိတ်စက ကြီးမြင့်မှု ဖြေရှင်းရေးဖြစ်ကြောင်း နိုဝင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။

ရင်းဂစ်နဲ့ စတော့ဈေးကွက်တွေမှာ အားကောင်းမှုက လက်ရှိအစိုးရအပေါ် ယုံကြည်မှု တိုးမြင့်လာမှုကို ပြသနေတာဖြစ်လို့ လူနေမှုစရိတ်တွေ မြင့်တက်လာတာနဲ့ ပြည်သူတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေကို ဦးစားပေးအနေနဲ့ ဆက်လက်ဆောင်ရွက်သင့်တယ်လို့ ထင်မြင်ကြောင်း အန်ဝါက ဆိုပါတယ်။

ဝန်ကြီးချုပ်ရုံးမှာ စတင်တာဝန်ထမ်းဆောင်ပြီဖြစ်ကြောင်း အစီရင်ခံပြီးနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အန်ဝါက သူဟာ အရင်အစိုးရအဖွဲ့ဝင်တွေ အရေအတွက်ထက် ပိုသေးတဲ့ အစိုးရကက်ဘိနက်ကို ဖွဲ့မယ်လို့ ပြောပါတယ်။

အန်ဝါဟာ သူ့ရဲ့ ညွန့်ပေါင်းအစိုးရအတွက် အစိုးရအဖွဲ့ဝင် ခန့်အပ်မှုတွေကို မကြေညာသေးပါဘူး။

အရင်ကတော့ သူ့အစိုးရအဖွဲ့မှာ ဒုဝန်ကြီးချုပ် ၂ ဦး ရှိလိမ့်မယ်လို့ ညွှန်ပြခဲ့ပြီး အရင်အာဏာရ မဟာမိတ် ဘာရီဆန်ပါတီမှ တဦးနဲ့ မလေးရှားဘော်နီယိုရှိ နိုင်ငံရေးအဖွဲ့ငယ်တွေဆီက တဦးတို့ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

နိုင်ငံရေးတည်ငြိမ်မှုကို အားကောင်းစေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သုံးပုံနှစ်ပုံ (အများစု) ကို ရရှိထားပြီလို့လည်း သူကဆိုပါတယ်။

အန်ဝါဟာ သူ့အစိုးရအဖွဲ့ရဲ့ အရွယ်အစားက ပိုသေးငယ်မှာဖြစ်ပြီး အစိုးရအဖွဲ့ဝင် အသစ်တွေကိုလည်း လစာလျှော့ယူဖို့ တောင်းဆိုထားပါတယ်။ ဒါပေမဲ့ ဆွေးနွေးပြီး ပြင်ဆင်တဲ့ အဆင့်မှာပဲ ရှိသေးတယ်လို့ အန်ဝါက ပြောသွားပါတယ်။

3 mins Ago
Up