close

အနီကတ်

close

March 14, 2023

ကတ်စမီရို၏ အနီကတ်ပြစ်ဒဏ်အတွက် မန်ယူအသင်း အယူခံတင်သွင်းမည်မဟုတ်

မန်ယူအသင်းဟာ ကွင်းလယ်လူ ကတ်စမီရိုရဲ့ အနီကတ် ပြစ်ဒဏ်အတွက် အယူခံတင်သွင်းခြင်းမပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဘရာဇီးကွင်းလယ်လူဟာ တနင်္ဂနွေနေ့က ဆောက်သမ်တန်နဲ့ ဂိုးမရှိသရေကျ ခဲ့တဲ့ပွဲစဉ်မှာ တိုက်ရိုက်အနီကတ်ပြသခံခဲ့ရတာပါ။

ကတ်စမီရိုဟာ အခုနှစ်ရာသီအတွင်း ဒုတိယမြောက် အနီကတ်ပြသခံခဲ့ရတာကြောင့် ပြည်တွင်းပွဲစဉ် ၄ ပွဲ ပွဲပယ်ခံရမှာပါ။

ဒါကြောင့် ဖူဟမ်အသင်းနဲ့ ကစားရမယ့် အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်၊ နယူးကာဆယ်၊ ဘရန့်ဖို့ဒ်၊ အဲဗာတန်အသင်းတွေနဲ့ ကစားရမယ့်  ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပါတယ်။

ကတ်စမီရိုဟာ ဥရောပလိဂ်တွေမှာ ပွဲပေါင်း ၅၀၀ ကျော်ကစားခဲ့ပေမဲ့ တိုက်ရိုက်အနီကတ် ပြသခံရဖူးခြင်းမရှိဘဲ ပရီးမီးယားလိဂ်ဒိုင်လူကြီးတွေနဲ့ ပွဲ ၂၀ လောက်တွေ့ဆုံမှသာ အနီကတ်နှစ်ကြိမ်အထိပြသခံရတာလို့  နည်းပြတန်ဟတ်ဂ်က ဝေဖန်ထောက်ပြထားပါတယ်။ 

4 mins Ago

September 4, 2022

ဗန်ဒိုက်ကို အနီကတ်မပြခဲ့သည့် ကွင်းလယ်ဒိုင်ကို အဲဗာတန်နည်းပြ လမ်းပတ်ဝေဖန်

မနေ့ညကကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ကို အနီကတ်ပြသဖို့ ပျက်ကွက်ခဲ့တဲ့ ကွင်းလယ်ဒိုင်ကို အဲဗာတန်နည်းပြ လမ်းပတ်က ဝေဖန်လိုက်ပါတယ်။

ဂိုးမရှိသရေကျခဲ့တဲ့ အဲဒီပွဲစဉ်ရဲ့ ပွဲချိန် ၇၅ မိနစ်လောက်မှာ နောက်ခံလူဗန်ဒိုက်ဟာ အဲဗာတန်ကွင်းလယ်လူ အိုနာနာနဲ့ ဘောလုံးယှဉ်လုရာမှာ ခြေကျင်းဝတ်ကို ခြေထောက်နဲ့ တိတိကျကျ ထောက်မိခဲ့တာပါ။

ဒါပေမဲ့ ကွင်းလယ်ဒိုင် လူကြီးက အဝါကတ်ပဲပြသခဲ့ပြီး အနီကတ်ပြသခြင်းမရှိတဲ့အပေါ် နည်းပြလမ်းပတ်က မကျေမနပ် ဖြစ်ခဲ့တာပါ။

နောက်ခံလူ ဗန်ဒိုက်ကို ကစားသမားတယောက်အနေနဲ့ သဘောကျပေမဲ့ တခါတရံမှာ အခုလို ဖျက်ထုတ်မှုတွေကဆိုးရွားကြောင်း၊ ဒိုင်လူကြီးအနေနဲ့ VAR နဲ့ ပြန်ကြည့်ပြီး ဆုံးဖြတ်ချက်ချဖို့ မလုပ်ဆောင်ခဲ့တဲ့အပေါ် အံ့အားသင့်မိကြောင်း၊ ဒီလိုဖျက်ထုတ်မှုဟာ အနီကတ်ပြသရမှာဖြစ်ကြောင်း နည်းပြလမ်းပတ်က ပွဲအပြီးမှာ မှတ်ချက်ပေးခဲ့ပါတယ်။

ဆိုရှယ်မီဒီယာတွေမှာလည်း ဗန်ဒိုက်ရဲ့ ဖျက်ထုတ်မှုဟာ အနီကတ် ပြစ်ဒဏ်ထိုက်ကြောင်း မှတ်ချက်ပေးကြပါတယ်။ 

6 months Ago
Up