မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် အနီးစခန်းမှာ ဇွန်လ ၁၀ ရက် မနက် ၈ နာရီလောက်က လေယာဉ်ပျက်ကျပြီး သေဆုံး ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေထံက သိရပါတယ်။
ပျက်ကျတဲ့ လေယာဉ်ပေါ်မှာ လူ ၁၆ ယောက်လောက် လိုက်ပါလာပြီး သေဆုံးသူ ၁၂ ယောက် ရှိကာ ဒဏ်ရာပြင်းထန်သူတဲ့သူနဲ့ မစိုးရိမ်ရသူလည်းရှိတယ်လို့ ကူညီပေးနေသူ တစ်ဦး က ပြောပါတယ်။
“အနီးစခန်းမှာတော့ လေယာဉ်ပျက်ကျတာ ဟုတ်တယ်။ လေယာဉ်ပျက်ကျတော့ သေတာများတယ်။ အသက်ရှင်သေးသူတွေလည်းရှိတယ်။ ” လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
ပျက်ကျတဲ့လေယာဉ်ဟာ ATR-72 တပ်မတော်သုံး ထောက်ပို့လေယာဉ်ဖြစ်ပြီး စစ်တပ်အရာရှိ တချို့နဲ့ မိသားစုတွေ လိုက်ပါလာတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။
လေယာဉ်ပျက်ကျရတဲ့အကြောင်းမရင်းကိုတော့ မသိရသေးပါဘူး။ ပြင်ဦးလွင်မှာ ဇွန်လ ၁၀ ရက် မနက်ပိုင်းက မိုးရွာပြီး မြူကျတဲ့ ရာသီဥတုအခြေအနေတော့ရှိတယ်လို့ သိရပါတယ်။