close

အနုပညာနှင့် သိပ္ပံအကယ်ဒမီအဖွဲ့

close

April 3, 2022

ဟောလီးဝုဒ်ရုပ်ရှင် အနုပညာနှင့် သိပ္ပံအကယ်ဒမီအဖွဲ့မှ ဝီလ်စမစ် နုတ်ထွက်

ပြီးခဲ့တဲ့ အော်စကာဆုပေးပွဲအခမ်းအနားမှာ အစီအစဉ်တင်ဆက်သူ ခရစ်ရော့ခ်ကို ပါးရိုက်ခဲ့တဲ့ ဆုရမင်းသား ဝီလ်စမစ်က ဟောလီးဝုဒ်ရုပ်ရှင် အနုပညာနဲ့ သိပ္ပံအကယ်ဒမီအဖွဲ့မှ နုတ်ထွက်လိုက်ပါတယ်။ 

စမစ်က “ဂုဏ်သိက္ခာကြီးမားတဲ့ အကယ်ဒမီအဖွဲ့ရဲ့ ယုံကြည်မှုကို ကျနော် ဖောက်ဖျက်မိခဲ့ပါတယ်။ ဆုလျာထားခံရတဲ့ အခြားသူတွေနဲ့ ဆုရရှိသူတွေ သူတို့ရဲ့  ထူးခြားတဲ့စွမ်းဆောင်မှုတွေအတွက် ပျော်ရွှင်စွာ အောင်ပွဲခံရမယ့် အခွင့်အရေးကို ဖျက်ဆီးမိခဲ့ပါတယ်။ ကျနော် ရုပ်ရှင် အနုပညာနဲ့သိပ္ပံ အကယ်ဒမီ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ပါတော့မယ်။ အကယ်ဒမီဘုတ်အဖွဲ့က သင့်လျော်မယ်လို့ ယူဆတဲ့ နောက်ထပ် ဆောင်ရွက်မယ့် အကျိုးဆက်တွေကိုလည်း ကျနော် လိုလားစွာ လက်ခံပါမယ်” လို့ ကြေညာချက် ထုတ်ခဲ့ပါတယ်။

တကမ္ဘာလုံးက စောင့်ကြည့်နေတဲ့ မတ် ၂၈ ရက်နေ့က ၉၄ ကြိမ်မြောက် အော်စကာရုပ်ရှင်ဆုပေးပွဲ အခမ်းအနားမှာ သရုပ်ဆောင်မင်းသား ဝီလ်စမစ်သ်က အစီအစဉ် တင်ဆက်သူ ခရစ်ရော့ခ်ကို ရုတ်တရက် ရှေ့ထွက် ပါးရိုက်ခဲ့တာပါ။

ဝီလ်စမစ်သ်ရဲ့ဇနီး ကတုံးဆံပင်နဲ့ ဂျာဒါပင်ကက်စမစ်သ်ဟာ မင်းသမီး ဒယ်မီမိုး ကတုံးဆံပင်နဲ့ ရိုက်ခဲ့တဲ့ G.I. Jane ရုပ်ရှင်မျိုး နောက်တကားရိုက်ရင် ဝင်သရုပ်ဆောင်လို့ ရပြီလို့ ခရစ်ရော့ခ်က အရွှန်းဖောက်ခဲ့တာကြောင့် ပါးရိုက်ခဲ့တာဖြစ်ပြီး နောက်တရက်မှာ ပြန်လည်တောင်းပန်ခဲ့ပါတယ်။

 ဝီလ်စမစ်ဟာ ‘King Richard’ ဇာတ်ကားနဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုလည်း ရရှိခဲ့ပါတယ်။

1 min Ago
Up