close

အန်ကတ်တီယာ

close

June 24, 2022

‌ကိုယ့်အစွမ်းအစကို ယုံကြည်ကြောင်း ဝေဖန်သူများကို အန်ကတ်တီယာ တုံ့ပြန်

ခြေစွမ်းပိုင်းနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေရှိပေမယ့် ကိုယ့်အစွမ်းအစကို ယုံကြည်ကြောင်း အာဆင်နယ် တိုက်စစ်မှူး အန်ကတ်တီယာက ပြောပါတယ်။ 

အသက် ၂၃ နှစ်ရှိ အန်ကတ်တီယာဟာ အာဆင်နယ်နဲ့ ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပြီး တပတ်လုပ်ခ ပေါင် ၁ သိန်းအထိ တိုးမြှင့်ရရှိမှာပါ။ 

အသင်းနဲ့ နှစ်ရှည်စာချုပ်ချုပ်ဆိုလိုက်တဲ့အပေါ်မှာ အာဆင်နယ် ပရိသတ်တချို့ကိုယ်တိုင် ဝေဖန်မှုတွေရှိခဲ့ပေမယ့် ခြေစွမ်းတိုးတက်လာတာကြောင့် ကိုယ့်အစွမ်းအစကို ယုံကြည်ကြောင်း အန်ကတ်တီယာက ပြန်လည်တုံ့ပြန်သွားခဲ့တာပါ။

“လူတွေကတော့ အမြဲတမ်းဝေဖန်နေကြမှာပါပဲ။ ဒါပေမယ့် ကျနော် ဘာလုပ်နိုင်စွမ်းရှိသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်သိပါတယ်။ အတူတွဲဖက်ကစားနေတဲ့ အသင်းဖော်တွေ၊ ပြိုင်ဘက်ကစားသမားတွေနဲ့ အတူအလုပ်လုပ်ခဲ့ဖူးတဲ့ နည်းပြအဖွဲ့ဝင်တွေဟာလည်း ကျနော်နဲ့ ပတ်သက်ပြီး ခံစားချက်ကို သိပါတယ်။ အသင်းတိုင်းမှာ ပြိုင်ဆိုင်မှုရှိတဲ့ လူစာရင်းတခုလိုအပ်ပါတယ်။ အသင်းကလည်း အင့်အားတောင့်တင်းဖို့ အမြဲတမ်းလုပ် ဆောင်ပါတယ်။ အာဆင်နယ်က ကျနော့်ကို စာချုပ်သက်တမ်းတိုးခဲ့တာကလည်း အကြောင်းအရင်း တခုရှိလို့ပါပဲ။ ကစားသမားသစ်တွေ ဘယ်သူပဲရောက်လာလာ သူတို့ကိုကြိုဆိုပြီး ပွဲထွက်ခွင့်ရဖို့ တိုက်ပွဲဝင်သွားပါမယ်” လို့ အန်ကတ်တီယာက ပြောပါတယ်။

သူဟာ အသင်းရဲ့ဂန္ထဝင်တိုက်စစ်မှူး သီယာရီအွန်နရီ ဝတ်ဆင်ခဲ့ဖူးတဲ့ ကျောနံပါတ် ၁၄ ကို ပြောင်းလဲဝတ်ဆင်မှာဖြစ်ပြီး အဲဒီအပေါ် ဂုဏ်ယူကျေနပ်မိကြောင်း ပြောသွားပါတယ်။ 

44 mins Ago

May 26, 2022

တိုက်စစ်မှူး အန်ကတ်တီယာကို ၅ နှစ်သက်တမ်းတိုးစာချုပ်ဖြင့် အာဆင်နယ် ကမ်းလှမ်း

အာဆင်နယ်အသင်းဟာ လူငယ်တိုက်စစ်မှူး အန်ကတ်တီယာကို ၅ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ဖို့ နီးစပ်နေဖြစ်ပါတယ်။

အစောပိုင်းက ရောင်းချမယ့် ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပေမဲ့ အခုနောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် အာဆင်နယ်က သက်တမ်းတိုးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

အန်ကတ်တီယာကို ၅ နှစ်စာချုပ် ချုပ်ဆိုပြီး တပတ်လုပ်ခ ပေါင် ၁ သိန်း၊ လက်မှတ်ထိုးကြေး ပေါင် ၅ သန်း ပေးချေမယ်လို့လည်း မက်လုံးပေးထားပါတယ်။

အသက် ၂၂ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူးကို ဝက်စ်ဟမ်း၊ ခရစ္စတယ်ပဲလေ့စ် အသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးပါတယ်။

အာဆင်နယ်အသင်းဟာ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့ ကွင်းလယ်လူ မိုဟာမက်အယ်လ်နန်နီကိုလည်း သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

4 weeks Ago
Up