close

အန်ကမ်ကူ

close

October 4, 2022

လိုက်ဇစ်တိုက်စစ်မှူး အန်ကမ်ကူကိုခေါ်ယူရန် ချဲလ်ဆီးအကြိုစာချုပ်ချုပ်ဆိုထား

ချဲလ်ဆီးအသင်းဟာ ဂျာမန်ကလပ်လိုက်ဇစ်တိုက်စစ်မှူး အန်ကမ်ကူကို ခေါ်ယူဖို့အတွက် အကြို စာချုပ်ချုပ်ဆိုထားပြီးဖြစ်တယ်လို့ သိရပါတယ်။

မြန်နူန်းမြင့် ပြင်သစ်တိုက်စစ်ကစားသမားဟာ ပြီးခဲ့တဲ့လပိုင်းက ချဲလ်ဆီးအသင်းဆီပြောင်းရွှေ့ဖို့ ဆေးစစ်ပြီး  အကြိုစာချုပ်ချုပ်ဆိုခဲ့ပြီး ဖြစ်ကြောင်း  The Athletic သတင်းမှာဖော်ပြပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဘိုလီဟာ အန်ကမ် ကူကိုခေါ်ယူဖို့ ပစ်မှတ်ထားလုပ်ဆောင်ခဲ့တာဖြစ်ပြီး စာချုပ်လျော်ကြေး ပေါင် ၅၃ သန်းကို  လွယ်လွယ်ကူကူပဲ ပေးချေကာ ခေါ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်ရှိ အန်ကမ်ကူဟာ ၂၀၁၉ ခုနှစ်က ပီအက်စ်ဂျီကနေ ပြောင်းရွှေ့သွားတာဖြစ်ပြီး လိုက်ဇစ်အတွက် ပွဲ၁၅၀ ခန့်ကစားအပြီးမှာ ၅၅ ဂိုးသွင်းယူထားပါတယ်။

ချဲလ်ဆီးအသင်းဟာ အန်ကမ်ကူကို လာမယ့်ရာသီရောက်မှပဲ အသင်းဆီခေါ်ယူမှာဖြစ်တယ်လို့ သိရပါတယ်။ 

1 hour Ago
Up