ဂျာမန်ကလပ် လိုက်ဇစ်အသင်းဟာ ထိပ်တန်းကလပ်တွေက အလိုရှိနေတဲ့ တိုက်စစ်ကစားသမား အန်ကွန်ကူအတွက် ပေါင်သန်း ၁၀၀ ဈေးနှုန်း သတ်မှတ်လိုက်ပါတယ်။
ပြင်သစ်လက်ရွေးစင်ကို မန်ယူ၊ လီဗာပူး၊ ပီအက်စ်ဂျီ၊ အာဆင်နယ် အစရှိတဲ့ အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Independent သတင်းမှာ ဖော်ပြပါတယ်။
အသက် ၂၄ နှစ်ရှိ အန်ကွန်ကူဟာ ပြီးခဲ့တဲ့ရာသီက လိုက်ဇစ်အသင်းအတွက် ပြိုင်ပွဲစုံမှာ ၃၅ ဂိုး အထိ သွင်းယူနိုင်ခဲ့တာပါ။
လီဗာပူးအသင်းကတော့ ဘင်ဖီကာတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ခေါ်ယူနိုင်တော့မှာဖြစ်လို့ အန်ကွန်ကူကို ခေါ်ယူဖို့ လက်လွှတ်သွားဖို့ရှိပြီး ပီအက်စ်ဂျီ၊ မန်ယူနဲ့ အာဆင်နယ်အသင်းတွေက အပြိုင်ကမ်းလှမ်သွားဖို့ရှိနေတာပါ။
လိုက်ဇစ်က အလိုရှိနေတဲ့ ပေါင်သန်း ၁၀၀ ပြောင်းရွှေ့ကြေးကို ပီအက်စ်ဂျီနဲ့ အာဆင်နယ်အသင်းတွေက ပေးချေဖို့အသင့်ရှိနေပေမယ့် မန်ယူအသင်းကတော့ ဘတ်ဂျက်ပေါင်သန်း ၁၂၀ သာရရှိထားလို့ ဝယ်ယူဖို့ အခက်တွေ့နိုင်တယ်လို့ Independent သတင်းက ဆက်လက်ဖော်ပြသွားခဲ့ပါတယ်။