လက်ဝှေ့ဖိုက်တာ တိုင်ဆန်ဖျူရီနဲ့ စိန်ခေါ်ပွဲထိုးသတ်သွားချင်တယ်လို့ UFC ဟဲဗီးဝိတ်ချန်ပီယံ အန်ဂါ နူကပြောပါတယ်။
အန်ဂါနူဟာ MMA ပွဲတွေသာ ထိုးသတ်နေသူဖြစ်ပေမယ့် ကစားသမားဘဝက အနားမယူခင်မှာ လက်ဝှေ့ကြိုးဝိုင်းထဲဝင်ပြီး အဆင့်တစ်ခုပြသနိုင်ဖို့ ဆန္ဒရှိနေတာပါ။
UFC ဥက္ကဋ္ဌ ဒန်နာဝှိုက်နဲ့ စာချုပ်ချုပ်ဆိုရာမှာ လက်ဝှေ့ပွဲတွေကိုလည်းထိုး သတ်နိုင်တယ်ဆိုတဲ့ သဘောတူညီချက် ထည့်သွင်းချုပ်ဆိုမှာဖြစ်ပြီး MMA မှာတင်မဟုတ်ဘဲ လက်ဝှေ့လောကမှာလည်း သမိုင်းမှတ်တမ်းကောင်းတစ်ခု ကျန်ခဲ့ဖို့ အန်ဂါနူက မျှော်လင့်နေပါတယ်။
“ကျနော်တို့ စာချုပ်သစ်အတွက် အပြီးသတ်လုပ်ဆောင်နေတယ်။ အဲဒီစာချုပ်မှာ လက်ဝှေ့က အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ဝှေ့မထိုးလိုက်ရဘဲ ကျနော် အားမယူနိုင်ပါဘူး။ လက်ဝှေ့က တိုင်ဆန်ဖျူရီ၊ ဒီယွန်တေဝဲလ်ဒါတို့လို အဆင့်ရှိသလား ဆိုတာ စမ်းသပ်ချင်သေးတယ်။ MMAနဲ့ မတူတာ သိပေမယ့် ကျနော်ကလည်း ချန်ပီယံတစ်ဦးပါပဲ” လို့ ဖရန်ဆစ် အန်ဂါနူက ပြောပါတယ်။
ကင်မရွန်းသား ဖရန်ဆစ်အန်ဂါနာနူဟာ ပြီးခဲ့တဲ့နှစ်မတ်လက မီအိုဆစ်ကို အနိုင်ရပြီး UFC ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာခဲ့တာပါ။ သူဟာ အခုလ ၂၂ ရက်မှာ ပြင်သစ်သားဂါနီနဲ့ ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရမှာ ဖြစ်ပါတယ်။