ချဲလ်ဆီးအသင်းက အာဂျင်တီးနား ကွင်းလယ်ကစားသမား အန်ဇို ဖာနန်ဒက်စ်ကို ဗြိတိန် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၆ သန်းနဲ့ ဘင်ဖီကာအသင်းကနေ ခေါ်ယူလိုက်ပါတယ်။
ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ဇန်နဝါရီ ၃၁ ရက် ကစားသမားအပြောင်းအရွှေ့ ပိတ်ကာနီး နာရီပိုင်းအလိုမှာ ခေါ်ယူနိုင်တာဖြစ်ပါတယ်။ မန်စီးတီးက ဂရီးလစ်ရှ်ကို ခေါ်ယူတုန်းက ပေးရတဲ့ ပေါင်သန်း ၁၀၀ စံချိန်ကို ကျော်ဖြတ်ပြီး ချဲလ်ဆီးက ပေးခဲ့ရတာပါ။
အသက် ၂၂ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့လို့ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ပါတယ်။
ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ ဘင်ဖီကာအသင်းကို ပေါင် ၁၀ သန်းနဲ့ ပြောင်းရွှေ့လာတာပါ။
ချဲလ်ဆီးဟာ ဇန်နဝါရီဈေးကွက်မှာ ကစားသမား အပြောင်းအရွှေ့အတွက် ပေါင် ၂၈၈ သန်း အသုံးပြုထားပါတယ်။
ချဲလ်ဆီးအသင်းဟာ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။
အသက် ၂၁ နှစ်ရှိ အာဂျင်တီးနား ကွင်းလယ်ကြယ်ပွင့်ဟာ ပေါ်တူဂီကလပ် ဘင်ဖီကာမှာ ကစားနေတာဖြစ်ပြီး သူ့ရဲ့တန်ကြေးကို အနည်းဆုံး ပေါင်သန်း ၁၀၀ ဈေးနှုန်း သတ်မှတ်ထားကြတာပါ။
ချဲလ်ဆီးဘက်ကတော့ ဖာနန်ဒက်ဇ်အတွက် ပေါင် ၁၁၂ သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဘင်ဖီကာဘက်က ကစားသမားဖြစ်သူရဲ့ဆန္ဒကို လိုက်လျောဖို့ရှိပါတယ်။
သူ့ကို ပြီးခဲ့တဲ့ရာသီက ပေါင် ၁၀ သန်းနဲ့ ရေးဗားပလိတ်အသင်းကနေ ဘင်ဖီကာက ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။