close

အန်တိုနီယို

close

May 12, 2022

ယူရိုပါလိဂ်ဝင်ခွင့် အဆင့် ၆ နေရာ ရနိုင်မည်ဟု ယုံကြည်ကြောင်း ဝက်စ်ဟမ်းတိုက်စစ်မှူးပြော

မန်ယူအသင်းကို ကျော်ဖြတ်ပြီး အမှတ်ပေးဇယားမှာ အဆင့် ၆ နေရာ ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း ဝက်စ်ဟမ်းအသင်း တိုက်စစ်မှူး အန်တိုနီယိုက ပြောပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ လက်ရှိအချိန်မှာ မန်ယူရဲ့အောက် အဆင့် ၇ နေရာ ရောက်နေပေမဲ့လည်း ၃ မှတ်သာကွာပြီး တပွဲလျော့နေပါတယ်။ ဒါ့အပြင် ဂိုးကွာခြားချက်မှာလည်း ၁၀ ဂိုး အသာရထားတဲ့အတွက် လက်ကျန်နှစ်ပွဲစလုံး အနိုင်ရခဲ့ရင် မန်ယူကို ကျော်တက်နိုင်မှာ ဖြစ်ပါတယ်။

ယူရိုပါလိဂ်က မျှော်လင့်ချက်ရှိနေတုန်းပဲ ဖြစ်ပြီး ဒီအတွက် မန်ယူကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ကြောင်း အန်တိုနီယိုက ပြောကြားခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ လက်ကျန် ပရီးမီးယားလိဂ် ၂ ပွဲအဖြစ် လာမယ့် မေ ၁၅ ရက်မှာ မန်စီးတီးအသင်းနဲ့ အိမ်ကွင်း၊ နောက်ဆုံးပွဲစဉ်အဖြစ် မေ ၂၂ ရက်မှာ ဘရိုက်တန်အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မန်ယူအသင်းကတော့ ပရီးမီးယားလိဂ် တပွဲပဲ ယှဉ်ပြိုင်ဖို့ ကျန်နေတာဖြစ်ပြီး လာမယ့် မေ ၂၂ ရက်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

1 hour Ago
Up