close

အန်အယ်လ်ဒီပါတီအမတ်

close

March 11, 2022

ဖမ်းဆီးခံမော်လမြိုင် NLD အမတ် အကျဉ်းထောင်ထဲ ကျန်းမာရေးမကောင်း

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အမတ် ဒေါ်နွယ်နွယ်အောင်ဟာ အကျဉ်းထောင်ထဲမှာ နှလုံးရောဂါ ခံစားနေရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

ဒေါ်နွယ်နွယ်အောင်ကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းပြီးနောက် ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ ချုပ်နှောင်ထားတာပါ။

စစ်ကောင်စီက ဒေါ်နွယ်နွယ်အောင်ကို အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က) နဲ့ အမှုဖွင့်ထားတာပါ။

ဒေါ်နွယ်နွယ်အောင် နှလုံးရောဂါ ခံစားနေရတဲ့အတွက်ကြောင့် ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ ရုံးချိန်းမှာ ရှေ့နေအဖွဲ့က အာမခံလျှောက်ထားခဲ့ပြီး စစ်ကောင်စီ တရားသူကြီးက လာမယ့်ရုံးချိန်းမှာ အာမခံ ပေး မပေး အမိန့်ချမှတ်ဖို့ ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

NLD ပါတီအမတ် ဒေါ်နွယ်နွယ်အောင်ဟာ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌလည်း ဖြစ်သလို ၂၀၁၅၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်တဦးလည်း ဖြစ်ပါတယ်။

11 mins Ago

December 22, 2021

ပေါင်မြို့နယ် အန်အယ်လ်ဒီပါတီအမတ်၏ နေအိမ် ချိပ်ပိတ်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာရှိတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူးရဲ့ နေအိမ်ကို စစ်ကောင်စီက ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းမှာ ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက  ဒီဗွီဘီကို ပြောပါတယ်။

ပေါင်မြို့၊ ပေါင်းရပ်ကွက်မှာရှိနေတဲ့ ဦးဇော်ဇော်ထူး နေအိမ်ကို စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၀ ယောက်လောက်က  လာရောက်ပြီး ချိပ်ပိတ်သွားခဲ့တာပါ။

စစ်ကောင်စီကတော့ ဦးဇော်ဇော်ထူးဟာ အကြမ်းဖက် အဖွဲ့အစည်းနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နေအိမ်ကို ချိပ်ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူးဟာ ၂၀၂၀ နဲ့ ၂၀၁၅ အထွေထွေးရွေးကောက်ပွဲမှာ ၂ ကြိမ်ဆက် အနိုင်ရထားတဲ့ ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါတယ်။

ဦးဇော်ဇော်ထူးဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရပြီး လက်ရှိမှာတော့ တိမ်းရှောင်နေတာ ဖြစ်ပါတယ်။

လွှတ်တော်အမတ် ဦးဇော်ဇော်ထူး နေအိမ်ဟာ မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် လွှတ်တော် ကိုယ်စားလှယ်ထဲမှာ ပထမဦးဆုံး ချိပ်ပိတ်ခံရတဲ့ နေအိမ်လည်း ဖြစ်ပါတယ်။

3 months Ago
Up