close

အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ

close

April 27, 2022

ပုသိမ်ကြီးမြို့နယ် အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌကို စစ်ကောင်စီ ဖမ်းဆီး

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကြီးကျေးရွာမှာ ပုသိမ်ကြီးမြို့နယ် အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌကို စစ်ကောင်စီတပ်က ဧပြီ ၂၇ ရက် မနက် ၁၁ နာရီလောက်က အင်အားအလုံးအရင်းနဲ့ ဖမ်းဆီးသွားပါတယ်။

ပုသိမ်ကြီးမြို့နယ် အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဦးစိုးဆင့်ဟာ နေအိမ်မှာရှိနေချိန် ဝင်ရောက်ဖမ်းဆီးခံလိုက်ရတာ ဖြစ်တယ်လို့ ဒေသခံထံက သိရပါတယ်။

“သူက ဆင်ရွာကြီး ပတ်ဝန်းကျင်မှာပဲ ရှောင်တိမ်းပြီးနေတာ။ သူ့သားတယောက်ကတော့ လွတ်သွားတယ်” လို့ ပုသိမ်ကြီးမြို့နယ်မှာ နေထိုင်သူတဦးက ဆိုပါတယ်။

အခုရက်ပိုင်းအတွင်း မန္တလေးမှာ အန်အယ်လ်ဒီ ပါတီဝင်တွေကို အဓိက ပစ်မှတ်ထားပြီး စစ်ကောင်စီက ဖမ်းဆီးနေတာမှာ ဖမ်းဆီးခံရသူတချို့ ဒဏ်ရာတွေနဲ့ သေဆုံးတာ၊ ရုပ်အလောင်းတွေ စွန့်ပစ်ခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်ကလည်း အန်အယ်လ်ဒီပါတီ မန္တလေးခရိုင် ဒုဥက္ကဋ္ဌ ဦးကိုကိုလေးရဲ့ဇနီးဖြစ်သူ ဒေါ်စိုးစိုးကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးပြီး ဧပြီ ၁၈ ရက်နေ့မှာတော့ မန္တလေးမြို့ ၃၅ လမ်း၊ ဂေါ်ယာကွင်းအရှေ့က မီးသတ်ရုံးရှေ့မှာ ဒေါ်စိုးစိုးရဲ့ ရုပ်အလောင်းကို စစ်တပ်က လာရောက်စွန့်ပစ်ထားခဲ့ပါတယ်။

1 min Ago
Up