close

အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်

close

October 6, 2022

ဟုမ္မလင်းမြို့နယ်တွင် အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ် ၁ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်  ဦးကျော်ဆွေဝင်းအပါအဝင် သူ့ရဲ့မိသားစုကို အောက်တိုဘာ ၅ ရက်က  စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပါတယ်။

NLD ပါတီတာဝန်ရှိသူတစ်ဦးက  “မနေ့ ၈ နာရီလောက် ဟုမ္မလင်းမြို့နယ် တိုင်း ၁ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်း ဖမ်းဆီးခံရတယ်။ မုံရွာမှာ ဖမ်းဆီးခံရတာပါ။ သူတို့မိသားစုလိုက် ဖမ်းဆီးခံရတယ်။ သူက ရှောင်နေတာ ကြာပြီ။ အခု ဖမ်းဆီးခံရတယ်” လို့ ပြောပါတယ်။

ဦးကျော်ဆွေဝင်းဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင် အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပြီး  ပုဒ်မ ၅၀၅(က) နဲ့ ဝမ်းထုတ်ခံထားရသူ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၀ ယောက် ဖမ်းဆီးခံရပြီး  ၂ ယောက်က ထောင်ကနေပြန်လွတ်လာပြီး ၂ ယောက် ကတော့ စစ်ကောင်စီထံ ခံဝန်လက်မှတ်ထိုးခဲ့ပါတယ်။

ပြန်လာလွတ်လာသူ ၂ ယောက်က ဦးကျော်သောင်းနဲ့ ကိုသန်းလှိုင်ကြီးတို့ဖြစ်ပြီး စစ်ကောင်စီထံ ခံဝန်လက်မှတ်ထိုးသူတွေကတော့ ဦးဝင်းမြင့်အောင်နဲ့ မြင့်ထိုက်ဦးဖြစ်ကာ လက်ရှိ ဖမ်းဆီးခံရသူတွေက ကိုထွန်းဝေ၊ ကိုကျော်ဆွေဝင်း၊ ဒေါက်တာမြင့်နိုင်၊ ဦးခင်မောင်လှ၊ ဒေါ်ခင်စန်းလှိုင်၊ ဒေါ်ခင်မွှေးလွင်တို့ ဖြစ်ပါတယ်။

7 mins Ago

May 16, 2022

ပင်းတယမြို့က အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ၁ ဦး ဖမ်းဆီးခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေးနဲ့ သူ့ရဲ့သားဖြစ်သူတို့ကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။

မေလ ၁၄ ရက်ညက  ဒေါ်မမလေးရဲ့ နေအိမ်ကို   စစ်ကောင်စီက အရပ်ကားတွေနဲ့ရောက်လာပြီး ဒေါ်မမလေးနဲ့သားဖြစ်သူ ကိုနေမျိုးထက်ကို ဖမ်းသွားတာလို့ သူနဲ့  နီးစပ်သူက ပြောပါတယ်။  

ဒေါ်မမလေးဟာ ၂၀၁၅ နဲ့ ၂၀၂၀  အထွေထွေရွေးကောက်ပွဲတွေမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရှမ်းပြည်နယ်အမှတ်(၈) မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ရာ နှစ်ကြိမ်ဆက်တိုက် အနိုင်ရရှိထားသူ ဖြစ်ပါတယ်။ 

မိခင်နဲ့ အတူဖမ်းဆီးခံရတဲ့ ကိုနေမျိုးထက်ကတော့ သမဝါယမဌာနက CDM ဝန်ထမ်း တဦး ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ရှမ်းပြည်နယ်၀န်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ် စီမံ/ ဘဏ္ဍာ၀န်ကြီး ဦးစိုးညွန့်လွင် အပါအ၀င် အန်အယ်လ်ဒီအမတ်တွေကို ဖမ်းဆီးထားပြီး လွတ်မြောက်နယ်မြေရောက်နေတဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ကိုလည်း ဖမ်း၀ရမ်းထုတ်ထားပါတယ်။

5 months Ago
Up