close

အန်းဖီးလ်

close

April 8, 2023

အန်းဖီးလ်တွင် ၉ ပွဲဆက်အနိုင်မရခဲ့မှုကို အဆုံးသတ်ရန် အာဆင်နယ်နည်းပြပြော

လီဗာပူးရဲ့အိမ်ကွင်း အန်းဖီးလ်မှာ အနိုင်မရခဲ့တာ ၉ ပွဲဆက်ရှိနေတာကို အဆုံးသတ်ဖို့ အခွင့်အရေး ကောင်းတစ်ခုဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာတီတာကပြောပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးအတွက် တနင်္ဂနွေနေ့မှာကစားရမယ့် လီဗာပူးနဲ့ပွဲစဉ်မှာ နိုင်ပွဲရဖို့လိုအပ်နေတာပါ။

ဒါပေမဲ့ အန်းဖီးလ်ကွင်းမှာ လာရောက်ကစားခဲ့ရတဲ့ နောက်ဆုံးလိဂ်ပြိုင်ပွဲ ၉ ပွဲမှာ အာဆင်နယ် အသင်းက နှစ်ကြိမ်သာ သရေကစားနိုင်ခဲ့ပြီး ၆ ပွဲရှုံးနိမ့်ခဲ့ပါတယ်။

အဲဒီလို ၉ ပွဲဆက်အနိုင်ရမခဲ့တာက အာဆင်နယ်အသင်းကို စိတ်ပိုင်းဆိုင်ရာအရ ထိုးနှက်ချက်ဖြစ်စေမှာ မဟုတ်တဲ့အပြင် အစဉ်အလာဆိုးကို အဆုံးသတ်ဖို့ အခွင့်အရေးကောင်း တစ်ခုအနေနဲ့ အားသာချက်ဖြစ်လာနိုင်ကြောင်း နည်းပြအာတီတာက ပြောပါတယ်။

လီဗာပူးအသင်းနဲ့ နည်းပြယာဂန်ကလော့ပ်ကိုတော့ အာတီတာက ချီးကျူးခဲ့ပြီး သူတို့ကိုအနိုင်ယူဖို့က ပြိုင်ဘက်တိုင်းအတွက် ခက်ခဲမှာဖြစ်ကြောင်း အာတီတာက ပြောသွား ပါတယ်။ 

9 mins Ago
Up