close

အပစ်ရပ်စဲမှု

close

August 9, 2022

အစ္စရေး-ပါလက်စတိုင်း အပစ်ရပ်စဲမှု ကုလကြိုဆို

ဂါဇာဒေသမှာ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ အပစ်ရပ်စဲလိုက်တာကို ကြိုဆိုတဲ့အကြောင်း ကုလသမဂ္ဂက သြဂုတ် ၈ ရက်မှာ ပြောပါတယ်။

အီဂျစ်အစိုးရရဲ့ ကြားဝင်ဖျန်ဖြေမှုနဲ့ တနင်္ဂနွေနေ့ ညနေပိုင်းမှာ အပစ်ရပ်စဲလိုက်တာ ဖြစ်ပါတယ်။

အစ္စရေး၊ ပါလက်စတိုင်းနဲ့ အီဂျစ်နိုင်ငံတို့က ကိုယ်စားလှယ်တွေရှေ့ ပြောကြားရာမှာ အရှေ့အလယ်ပိုင်းရေးရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူး  တော ဝင်းနက်စ်လန်းက အပစ်ရပ် သဘောတူညီချက်ဟာ ပျက်စီးလွယ်တဲ့ အနေအထားမှာ ရှိနေဆဲဖြစ်ပြီး ရန်လိုမှုတွေ ပြန်ဖြစ်လာရင် နိုင်ငံရေးတိုးတက်မှုတွေ နှောင့်နှေးစေနိုင်တယ်လို့ ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းဘက်က ၄၆ ယောက်သေဆုံး၊ ၃၆၀ ဒဏ်ရာရသလို အစ္စရေးဘက်ကလည်း လူ ၇၀ လောက် ဒဏ်ရာရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

53 seconds Ago
Up